ေျမာက္ကိုရီးယားက  ကမာ႔ၻအဆင့္မီ အပန္းေျဖစခန္း ေဆာက္မယ္

0
2078

ေျမာက္ကိုရီးယားႏုိင္ငံက ျပည္ပခရီးသြားေတြကို ဆြဲေဆာင္ႏုိင္ဖုိ႔ ကမာ႔ၻအဆင့္မီ  အပန္းေျဖစခန္း တည္ေဆာက္ဖုိ႔ စီစဥ္ေနပါတယ္။

ေျမာက္ကိုရီးယား ႏုိင္ငံဟာ အပန္းေျဖစခန္း တည္ေဆာက္ဖုိ႔ စီစဥ္ေနေပမယ့္ အေသးစိတ္ အေျခေနေတြကို ေဖာ္ျပတာ မရွိဘဲ ေနရာအခက္အခဲ ရွိေနတယ္လို႔ မီဒီယာေတြက ေဖာ္ျပပါတယ္။

ဝန္ဆန္ ကယ္လမာ  ကမ္း႐ိုးတန္း ေနရာဟာ ခရီးသြားေတြကို ဆြဲေဆာင္ႏုိင္မႈ ရွိေစမယ့္ ေနရာမ်ိဳးျဖစ္ၿပီး ထင္ရွားေက်ာ္ၾကားတဲ့ သဲေသာင္ျပင္ကမ္းေျခ ျဖစ္လာႏိုင္တယ္လို႔  ေျမာက္ကိုရီးယား မီဒီယာေတြက ေဖာ္ျပပါတယ္။

ေတာင္နဲ႔ ေျမာက္ကိုရီးယား လက္ရွိ အေျခအေနနဲ႔ ပတ္သက္လို႔ ေျမာက္ကိုရီးယား ေရခဲျပင္ ေဟာ္ကီ အားကစားသမားေတြဟာ ေတာင္ကိုရီးယားႏုိင္ငံက ၿပိဳင္ဘက္ အားကစားသမားေတြကို ႏႈတ္ဆက္မႈဟာ ႏွစ္ႏုိင္ငံၾကား တင္းမာမႈေတြ ေလွ်ာ့ႏုိင္ေစမယ့္ အမွတ္အသားျဖစ္တယ္လုိ႔ မီဒီယာေတြက ေဖာ္ျပပါတယ္။  

>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြောက်ကိုရီးယားက ကမာ့္ဘအဆင့်မီ အပန်းဖြေစခန်း ဆောက်မယ်

မြောက်ကိုရီးယားနိုင်ငံက ပြည်ပခရီးသွားတွေကို ဆွဲဆောင်နိုင်ဖို့ ကမာ့္ဘအဆင့်မီ အပန်းဖြေစခန်း တည်ဆောက်ဖို့ စီစဉ်နေပါတယ်။

မြောက်ကိုရီးယား နိုင်ငံဟာ အပန်းဖြေစခန်း တည်ဆောက်ဖို့ စီစဉ်နေပေမယ့် အသေးစိတ် အခြေနေတွေကို ဖော်ပြတာ မရှိဘဲ နေရာအခက်အခဲ ရှိနေတယ်လို့ မီဒီယာတွေက ဖော်ပြပါတယ်။ ဝန်ဆန် ကယ်လမာ ကမ်းရိုးတန်း နေရာဟာ ခရီးသွားတွေကို ဆွဲဆောင်နိုင်မှု ရှိစေမယ့် နေရာမျိုးဖြစ်ပြီး ထင်ရှားကျော်ကြားတဲ့ သဲသောင်ပြင်ကမ်းခြေ ဖြစ်လာနိုင်တယ်လို့ မြောက်ကိုရီးယား မီဒီယာတွေက ဖော်ပြပါတယ်။

တောင်နဲ့ မြောက်ကိုရီးယား လက်ရှိ အခြေအနေနဲ့ ပတ်သက်လို့ မြောက်ကိုရီးယား ရေခဲပြင် ဟော်ကီ အားကစားသမားတွေဟာ တောင်ကိုရီးယားနိုင်ငံက ပြိုင်ဘက် အားကစားသမားတွေကို နှုတ်ဆက်မှုဟာ နှစ်နိုင်ငံကြား တင်းမာမှုတွေ လျှော့နိုင်စေမယ့် အမှတ်အသားဖြစ်တယ်လို့ မီဒီယာတွေက ဖော်ပြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)