ပြင်သစ်နိုင်ငံသား ရွက်လွှင့်သမား ရက် ၄၀ နဲ့ ကမ္ဘာပတ်ပြီး စံချိန်တင်

0
288

ပြင်သစ်နိုင်ငံသား ဖရန်ဆစ်ဂျိုယွန်နဲ့အဖွဲ့ဟာ ရက် ၄၀၊ ၂၃ နာရီ၊ ၃၀ မိနစ်နဲ့ ကမ္ဘာကို ရေကြောင်းကနေ ပတ်နိုင်ခဲ့တဲ့အတွက် အချိန်တိုအတွင်း ကမ္ဘာပတ်ရွက်လွှင့်ခရီးနှင်နိုင်ဆုံးဆုဖြစ်တဲ့ Jules Verne ဆု ကို ဒီကနေ့ ဇန်နဝါရီ ၂၆ ရက်နေ့မှာ ချီးမြှင့်ခံလိုက်ရပါတယ်။

ဖရန်ဆစ် ဂျိုယွန်ရဲ့ စံချိန်သစ်မထွက်ပေါ်ခင် အရင်က စံချိန်တင်နိုင်ခဲ့သူဟာလည်း ပြင်သစ်နိုင်ငံသားတစ်ဦး ဖြစ်ပါတယ်။

လူးဝစ်ပေရွန်အမည်ရတဲ့ ပြင်သစ်နိုင်ငံသားဟာ ၂၀၁၂ ခုနှစ်မှာ ကမ္ဘာကို ၄၅ ရက်၊ ၁၃ နာရီ၊ ၄၂ မိနစ်နဲ့ ပတ်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ လတုန်းကလည်း သောမတ်ကွန်ဗီးလ်လို့ အမည်ရတဲ့ ပြင်သစ်နိုင်ငံသားတစ်ဦးက ၄၉ ရက်အတွင်း တစ်ဦးတည်း ကမ္ဘာပတ်တဲ့ စံချိန်တစ်ခု ရေးထိုးနိုင်ခဲ့ပါတယ်။

အသက် ၆၀ အရွယ် ဖရန်ဆစ်ရဲ့ ရွက်လွှင့်အဖွဲ့မှာ အဖွဲ့ဝင် ငါးဦးပါဝင်ပြီး သူတို့အဖွဲ့ဟာ ကမ္ဘာပေါ်မှာ ပထမဆုံးအနေနဲ့ အထောက်အပံ့မပါဘဲ ရက် ၄၀ နဲ့ ကမ္ဘာပတ်နိုင်တဲ့အဖွဲ့ ဖြစ်လာခဲ့တာပဲ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)