ပြန်ပေးဆွဲခံရတဲ့ ဗြိတိန်အမျိုးသားနဲ့ဇနီးကို ဖိလစ်ပိုင်တပ်ဖွဲ့ကယ်ဆယ်

0
24

Unicode version

ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း ဇမ်ဘိုအန်ဂါ ဒယ်လ်ဆာ ပြည်နယ်က ကမ်းခြေတစ်ခုမှာ အောက်တိုဘာလ ၄ ရက်နေ့တုန်းက ပြန်ပေးဆွဲခံရတဲ ဗြိတိန်အမျိုးသားနဲ့ ဖိလစ်ပိုင်လူမျိုး ဇနီးဖြစ်သူတို့ကို ဒီနေ့ နိုဝင်ဘာလ ၂၅ ရက်နေ့က ကယ်ဆယ်ခဲ့ကြောင်း ဖိလစ်ပိုင် အစိုးရကကြေညာပါတယ်။

ဗြိတိန်လူမျိုး အယ်လန် အာသာ ဟိုင်ရွန်နဲ့ ဇနီး ဝီလ်မာ တို့ဟာ တူကူရန်မြို့က သူတို့ပိုင်တဲ့ အပန်းဖြေအိမ်မှာ အနားယူနေတုန်း အမည်မသိ သေနတ်သမားတချို့က ခြိမ်းခြောက်ခေါ်ဆောင်သွားခဲ့ကြောင်းနဲ့ ပြန်ပေးဆွဲခံရတဲ့ လင်မယားကို ဖိလစ်ပိုင်တောင်ပိုင်းရှိ ဆူလူပြည်နယ်က ရွာတစ်ရွာကနေ ဒီနေ့မနက် ကိုးနာရီမတိုင်ခင် ကယ်ဆယ်နိုင်ခဲ့ကြောင်း မင်ဒါနာအို အနောက်ပိုင်း စစ်ဌာနချုပ်က ဒုတိယ ဗိုလ်ချုပ်ကြီး ဆီရီလစ်တို ဆိုဘီဂျာနား ပြောပါတယ်။

ဓားစာခံတွေကို ကယ်ဆယ်တာဟာ ၁၀ မိနစ်ပဲကြာခဲ့ကြောင်း၊ ဖိလစ်ပိုင်တပ်ဖွဲ့နဲ့ ပြန်ပေးဆွဲသူတို့ကြား ပစ်ခတ်မှုတွေ အပြန်အလှန်ဖြစ်ပွားခဲ့ပြီး ဓားစာခံနှစ်ဦးကို ထားခဲ့ကာ ထွက်ပြေးသွားကြကြောင်းနဲ့ ထွက်ပြေးသွားသူတွေကို ခြေရာခံပြီး လိုက်လံဖမ်းဆီးမှာဖြစ်ကြောင်း ဒုဗိုလ်ချုပ်ကြီး ဆိုဘီဂျာနားက ပြောပါတယ်။

Zawgyi version