ဇင်ဘာဘွေက အာဖရိက ဆင်ပေါက်တွေကို ဖမ်းဆီး၊ တရုတ်မှာ ပိတ်လှောင်ပြသ

0
45

Unicode version

အာဖရိက ဆင်ပေါက်ကလေးတွေကို မိခင်နဲ့ ခွဲခွာ ဖမ်းဆီးပြီး သံမဏိလှောင်အိမ်၊ အင်္ဂတေ ကြမ်းခင်းထဲမှာ ပိတ်လှောင်ထားတဲ့ ဗီဒီယိုဖိုင်တစ်ခု ထွက်ပေါ်လာပါတယ်။

အဲဒီ အာဖရိက ဆင်ပေါက်ကလေးတွေကို ဇင်ဘာဘွေ အာဏာပိုင်တွေက ဟွန်ဂီ အမျိုးသားဥယျာဉ်ထဲကနေ တရားဝင်ဖမ်းဆီးပြီးနောက် တရုတ်နိုင်ငံကို ရောင်းချကာ ခရီးသွားတွေကို ပြစားနေတာ ဖြစ်ပါတယ်။ ဟွန်ဂီ အမျိုးသားဥယျာဉ်ထဲက ဆင်ပေါက်တွေကို ဥယျာဉ် အာဏာပိုင်တွေက ဖမ်းဆီးပြီး ပြည်ပကို ရောင်းချနေတယ်လို့ မနှစ်ကတည်း သတင်းတွေ ထွက်ပေါ်နေတာပါ။

ဇင်ဘာဘွေအပါအဝင် တောင်အာဖရိက နိုင်ငံတွေကနေ တောရိုင်းတိရစ္တာန်တွေ ဖမ်းဆီးရောင်းချမှု ရပ်တန့်ရေး စာချုပ်ချုပ်ဆိုဖို့ ပညာရှင်တွေက တိုက်တွန်းနေကြပါတယ်။ တိရိစ္ဆာန် အခွင့်အရေး လှုပ်ရှားသူတွေကတော့ တိရစ္တာန် မှောင်ခိုရောင်းဝယ်တဲ့ စျေးကွက် ပေါ်လာမှာကို စိုးရိမ်နေကြပါတယ်။

Zawgyi version

ဇင်ဘာဘွေက အာဖရိက ဆင်ပေါက်တွေကို ဖမ်းဆီး၊ တရုတ်မှာ ပိတ်လှောင်ပြသ

အာဖရိက ဆင်ပေါက်ကလေးတွေကို မိခင်နဲ့ ခွဲခွာ ဖမ်းဆီးပြီး သံမဏိလှောင်အိမ်၊ အင်္ဂတေ ကြမ်းခင်းထဲမှာ ပိတ်လှောင်ထားတဲ့ ဗီဒီယိုဖိုင်တစ်ခု ထွက်ပေါ်လာပါတယ်။

အဲဒီ အာဖရိက ဆင်ပေါက်ကလေးတွေကို ဇင်ဘာဘွေ အာဏာပိုင်တွေက ဟွန်ဂီ အမျိုးသားဥယျာဉ်ထဲကနေ တရားဝင်ဖမ်းဆီးပြီးနောက် တရုတ်နိုင်ငံကို ရောင်းချကာ ခရီးသွားတွေကို ပြစားနေတာ ဖြစ်ပါတယ်။ ဟွန်ဂီ အမျိုးသားဥယျာဉ်ထဲက ဆင်ပေါက်တွေကို ဥယျာဉ် အာဏာပိုင်တွေက ဖမ်းဆီးပြီး ပြည်ပကို ရောင်းချနေတယ်လို့ မနှစ်ကတည်း သတင်းတွေ ထွက်ပေါ်နေတာပါ။

ဇင်ဘာဘွေအပါအဝင် တောင်အာဖရိက နိုင်ငံတွေကနေ တောရိုင်းတိရစ္တာန်တွေ ဖမ်းဆီးရောင်းချမှု ရပ်တန့်ရေး စာချုပ်ချုပ်ဆိုဖို့ ပညာရှင်တွေက တိုက်တွန်းနေကြပါတယ်။ တိရိစ္ဆာန် အခွင့်အရေး လှုပ်ရှားသူတွေကတော့ တိရစ္တာန် မှောင်ခိုရောင်းဝယ်တဲ့ ဈေးကွက် ပေါ်လာမှာကို စိုးရိမ်နေကြပါတယ်။