နျူကလီးယားစွမ်းအင်အပေါ် မှီခိုမှု ပြန်စဉ်းစားကြဖို့ ပုပ်ရဟန်းမင်းကြီး တိုက်တွန်း

0
14

Unicode version

ဂျပန်နိုင်ငံကို ရောက်ရှိနေတဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ ၂၀၁၁ ခုနှစ်၊ ဖူကုရှီးမား နျူကလီးဒဏ်ခံရသူတွေနဲ့ တွေ့ဆုံခဲ့ပြီး နျူကလီးယား စွမ်းအင်အပေါ် မှီခိုနေမှုကို ပြန်သုံးသပ်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

ငလျင်လှုပ်ပြီး ဆူနာမီဖြစ်ပြီးနောက် ဖူကူရှီးမားရှိ နျူကလီးယား ဓာတ်အားပေးစက်ရုံ သုံးရုံ ပျက်စီးခဲ့တာပါ။ ဒါကြောင့် ဂျပန်ရှိ ကက်သလစ် ဘုန်းကြီးတွေအနေနဲ့ နျူကလီးယား ဓာတ်အားပေးစက်ရုံတွေ ဖျက်သိမ်းရေး တောင်းဆိုကြဖို့ ဒီနေ့ နိုဝင်ဘာလ ၂၅ ရက်နေ့မှာ တိုက်တွန်းလိုက်တာပါ။

ဖူကူရှီးမားမှာ နျူကလီးယား ဓာတ်ပေါင်းဖိုတွေ ပျက်စီးခဲ့လို့ ရေဒီယို သတ္တိကြွပြီး လူပေါင်း ၁ သိန်း ၆ သောင်းလောက် ရွှေ့ပြောင်းခဲ့ရပါတယ်။ ကိုးနှစ်ကြာပြီးတဲ့အထိ လူပေါင်း ၄ သောင်းကျော်ဟာ အခုထိ အိမ်ပြန်နိုင်ခြင်း မရှိကြသေးပါဘူး။

သဘာဝ ရင်းမြစ်တွေကို အသုံးပြုဖို့ အရေးတကြီး ဆုံးဖြတ်ရမယ့် အချိန်ဖြစ်ကြောင်း ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ပြောပါတယ်။

Zawgyi version