ပရိသတ် လှောင်ပြောင်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ တိုက်စစ်မှူး နေမာ

0
25

Unicode version

ပီအက်စ်ဂျီ တိုက်စစ်မှူး နေမာဟာ ပီအက်စ်ဂျီ အသင်းက လိုင်လီကို ၂ ဂိုးပြတ်နဲ့ အနိုင်ရတဲ့ပွဲမှာ ပရိသတ်တွေရဲ့ လှောင်ပြောင်မှုတွေ ရင်ဆိုင်ခဲ့ရပါတယ်။

နေမာဟာ အဲဒီပွဲစဉ်မှာ ဒဏ်ရာက ပြန်သက်သာလာပြီးနောက် ပထမဆုံး ပြန်ပါဝင် ကစားခဲ့တာဖြစ်ပြီး မျှော်လင့်သလောက် ခြေစွမ်းမပြနိုင်ခဲ့ပါဘူး။ နေမာဟာ တံကောက်ကြော ဒဏ်ရာပြဿနာကြောင့် ပြီးခဲ့တဲ့ အောက်တိုဘာလ ၅ ရက်တည်းက ပီအက်စ်ဂျီအတွက် ပါဝင်ကစားနိုင်ခြင်း မရှိပါဘူး။

နေမာဟာ လက်ရှိရာသီမှာ ဒဏ်ရာပြဿနာတွေကြောင့် အသင်းရဲ့ ပွဲစဉ် ၆ ပွဲသာ ပါဝင်ကစားထားရပါတယ်။ နေမာဟာ ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့ကာလက ပီအက်စ်ဂျီအသင်းကနေ ထွက်ခွာမယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီး သူ့ကို ရီးရဲမက်ဒရစ်နဲ့ ဘာစီလိုနာအသင်းတို့က ခေါ်ယူဖို့ ချိတ်ဆက်နေပါတယ်။

Zawgyi version