တိရစ္ဆာန် မံမီရုပ်အလောင်းတွေ အီဂျစ်အစိုးရ ထုတ်ဖော်ပြသ

0
17

Unicode version

မကြာသေးခင်က ရှာဖွေတွေ့ရှိထားတဲ့ ခြင်္သေ့ပေါက် နှစ်ကောင်၊ မိချောင်းတွေ၊ ငှက်တွေနဲ့ ကြောင်တွေ့ရဲ့ မံမီရုပ်အလောင်းတွေကို အီဂျစ် ရှေးဟောင်းပစ္စည်း ဝန်ကြီးဌာနက ထုတ်ဖော်ပြသလိုက်ပါတယ်။

ကိုင်ရိုမြို့တောင်ပိုင်း ဆကာရာရှိ စတက် (ပ်) ပိရမစ်အနီးမှာ ပြသထားတဲ့ ပြပွဲမှာ နောက်ဆုံးတွေ့ရှိတဲ့ မံမီရုပ်အလောင်းတွေနဲ့ ပန်းပုရုပ်တွေကို ပြသထားပါတယ်။ ရာနဲ့ချီတဲ့ အရာတွေ တွေ့ရှိခဲ့ကြောင်း၊ တွေ့ရှိသမျှတွေဟာ ဆကာရာ ဒေသကို အီဂျစ်ရေးရာပညာရှင်တွေ ပိုသိလာနိုင်တဲ့အတွက် စိတ်ဝင်စားဖို့ ကောင်းကြောင်း အီဂျစ် ရှေးဟောင်းပစ္စည်း ဝန်ကြီး ခါလက် အယ်လ်-အန်နာနီက ပြောပါတယ်။

ဆကာရာဒေသမှာ ပိရမစ် ၁၁ ခု၊ ပထမမင်းဆက် (၂၉၂၀ ဘီစီ-၂၇၇၀ ဘီစီ) ကနေ ကော့ပ်တစ် ကာလ (၃၉၅-၆၄၂) ကာလအတွင်းက ရာနဲ့ချီတဲ့ အုတ်ဂူတွေ တည်ရှိပါတယ်။

Zawgyi version