တောင်ကိုရီးယား-အာဆီယံ ထိပ်သီးအစည်းအဝေးကို ဝန်ကြီးချုပ်ဟွန်ဆန် တက်ရောက်မှာမဟုတ်

0
15

Unicode version

တောင်ကိုရီးယားနိုင်ငံ၊ ဘူဆန်မြို့မှာ ကျင်းပမယ့် တောင်ကိုရီးယား-အာဆီယံ ထိပ်သီးအစည်းအဝေးကို ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန် တက်ရောက်မှာ မဟုတ်ပါဘူး။

ဝန်ကြီးချုပ် ဟွန်ဆန် မတက်ရောက်တဲ့အတွက် တောင်ကိုရီးယား သမ္မတ မွန်ဂျေအင်းနဲ့ တွေ့ဆုံဆွေးနွေးမယ့် အစီအစဉ်လည်း ဖျက်သိမ်းခဲ့ရပါတယ်။ ဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ ယောက္ခမဖြစ်သူ ကျန်းမာရေး စိုးရိမ်ရတဲ့ အခြေအနေမျိုးမှာ ရှိတဲ့အတွက် အစည်းအဝေး တက်ရောက်မယ့် အစီအစဉ်ကို ဖျက်သိမ်းခဲ့ရတာဖြစ်ပါတယ်။

အဲဒီ အစည်းအဝေးကို နှစ်ရက်ကြာ ကျင်းပမှာဖြစ်ပြီး တခြား အာဆီယံအဖွဲ့ဝင် ကိုးနိုင်ငံက ခေါင်းဆောင်တွေ တက်ရောက်မှာဖြစ်ပြီး တွေ့ဆုံဖို့ စီစဉ်ထားတဲ့အစီအစဉ်တွေ မပြောင်းလဲဘူးလို့ တောင်ကိုရီးယား သမ္မတရုံးက ပြောပါတယ်။

Zawgyi version