အဆင်မပြေမှု၊ နှောင့်နေးမှုတွေအတွက် ဆီးဂိမ်းအိမ်ရှင် ဖိလစ်ပိုင် တောင်းပန်

0
61
devices -->

Unicode version

အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ဖိလစ်ပိုင်နိုင်ငံဟာ အဆင်မပြေမှုတွေနဲ့ ပတ်သက်လို့ တြာင်းပန်လိုက်ပါတယ်။

ကစားသမားတချို့ဟာ လေဆိပ်မှာ နာရီအတန်ကြာ ပိတ်မိနေတဲ့အပြင် ဟိုတယ်ကို မှားယွင်း ရောက်ရှိခဲ့တာတွေ ဖြစ်ခဲ့ပါတယ်။ ပြိုင်ပွဲဝင် ကစားသမားတွေဟာ ဖွင့်ပွဲမတိုင်ခင် မနီလာမြို့ကို လေကြောင်းခရီးစဉ်နဲ့ လာရောက်ခဲ့ပြီး ကမ္ဘောဒီးယားနဲ့ အရှေ့တီမော လက်ရွေးစင် ဘောလုံးအသင်းတွေ ရောက်ရှိလာချိန်မှာ အဆင်မပြေတာတွေ တွေ့ကြုံခဲ့ရတယ်လို့ ကမ္ဘောဒီးယား ဘောလုံးနည်းပြ ဒယ်လ်မက်က ပြောပါတယ်။

ကမ္ဘောဒီးယား ဘောလုံးအသင်း အကြီးအကဲက လေဆိပ်ကနေ ဟိုတယ်ကို သွားဖို့ ၈ နာရီကျော်ကြာ ၉ နာရီလောက် စောင့်ဆိုင်းခဲ့ရတယ်လို့ ပြောပါတယ်။ အရှေ့တီမော အသင်းဟာ တည်းခိုရမယ့် ဟိုတယ် မှားယွင်းရောက်ရှိသွားခဲ့ပြီး လေ့ကျင့်မယ့်အစီအစဉ် အခက်အခဲတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ဖိလစ်ပိုင်နိုင်ငံဟာ ဆီးဂိမ်းပြိုင်ပွဲကို ၂၀၀၅ ခုနှစ်နောက်ပိုင်းမှာ ပထမဆုံးအကြိမ် အိမ်ရှင်အဖြစ် လက်ခံကျင်းပတာဖြစ်ပါတယ်။

Zawgyi version