ကွန်ဂိုမှာ လေယာဉ်ပျက်ကျမှု လူ ၂၃ ဦးသေ

0
55

Unicode Version

ကွန်ဂိုနိုင်ငံ၊ ဂိုမာလေဆိပ်မှာ လေယာဉ်ငယ်တစ်စင်း ပျက်ကျသွားခဲ့တဲ့အတွက် လူ ၂၃ ဦး သေဆုံးသွားခဲ့တယ်လို့ ကယ်ဆယ်ရေးအဖွဲ့က ပြောပါတယ်။

သေဆုံးခဲ့တဲ့ ရုပ်အလောင်း ၂၃ လောင်းကို ရှာတွေ့ခဲ့တယ်လို့ ဂိုမာမြို့ ကယ်ဆယ်ရေးအဖွဲဝြင် မာကွန်ဒီက ပြောပါတယ်။ ဂိုမာလေဆိပ် တာဝန်ရှိသူတစ်ဦးက အသက်ရှင်ကျန်ရစ်သူ တစ်ဦးမှ ရှိမယ်မထင်ကြောင်း ပြောပါတယ်။ သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို ရှာတွေ့ထားပေမယ့် ရှာဖွေမှုတွေ ဆက်လက် လုပ်ဆောင်နေဆဲဖြစ်ကြောင်း ဂိုမာမြို့တော်ဝန်က ပြောပါတယ်။

အဲဒီလေယာဉ်ဟာ ဂိုမာမြို့ မြောက်ပိုင်း ၃၅၀ ကီလိုမီတာအကွာရှိ ဘီနီကို ဦးတည်ပျံသန်းမှာဖြစ်ပြီး ဂိုမာလေဆိပ် အနီးရှိ လူနေရပ်ကွက် အိမ်တွေပေါ်ကို ပျက်ကျသွားခဲ့တာဖြစ်တယ်လို့ ဂွန်ဂိုအာဏာပိုင်တွေက ပြောပါတယ်။

Zawgyi Version

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)