တောင်ကိုရီးယား အမျိုးသမီးအဆိုတော် ဂိုဟာရာ နေအိမ်မှာ သေဆုံးလျက်တွေ့ရှိ

0
84

Unicode Version

တောင်ကိုရီးယား K-pop စတား တစ်ဦးဖြစ်တဲ့ ဂိုဟာရာကို နိုဝင်ဘာလ ၂၄ ရက်နေ့က နေအိမ်မှာ သေဆုံးလျက် တွေ့ရှိခဲ့တယ်လို့ တောင်ကိုရီးယား မီဒီယာတွေက ဖော်ပြပါတယ်။

ဂိုဟာရာဟာ တောင်ကိုရီးယား အမျိုးသမီးအဆိုတော် အဖွဲ့ Kara ရဲ့ အဖွဲ့ဝင်ဟောင်း တစ်ဦးဖြစ်ပြီး သေဆုံးချိန်မှာ အသက် ၂၈ နှစ် ဖြစ်ပါတယ်။ ဂိုဟာရာ သေဆုံးမှုနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း တောင်ကိုရီးယား ရဲတပ်ဖွဲ့က ပြောပါတယ်။

ဂိုဟာကို ပြီးခဲ့တဲ့ မေလမှာ မန်နေဂျာဖြစ်သူက အိမ်မှာ သတိလစ်လျက် ရှိနေတာကို တွေ့ခဲ့ဖူးပါတယ်။ ဂိုဟာရာဟာ ပြီးခဲ့တဲ့ သီတင်းပတ်တွေက ဖျော်ဖြေပွဲတွေ သွားရောက်ခဲ့ပြီးနောက် မကြာမီမှာပဲ အိမ်မှာ သေဆုံးနေတာကို တွေ့ခဲ့ကြတာပါ။

Zawgyi Version