IS အဖွဲ့နဲ့ ချိတ်ဆက်သူကို ဖိလစ်ပိုင် စစ်တပ် သုတ်သင်

0
25

Unicode Version

IS အစ္စလာမ် အကြမ်းဖက်အဖွဲ့နဲ့ ချိတ်ဆက်ထားတဲ့ စစ်သွေးကြွအဖွဲ့ဝင်တစ်ဦးကို ဖိလစ်ပိုင်စစ်တပ်က သုတ်သင်နိုင်ခဲ့ပါတယ်။

အဲဒီသူဟာ ဆူလူမြို့မှာ အသေခံ ဗုံးခွဲတိုက်ခိုက်မှုတွေလုပ်ဖို့ နောက်ကွယ်က ကြိုးကိုင်ခဲ့သူဖြစ်ကြောင်း ဖိလစ်ပိုင် စစ်ဘက်က ပြောပါတယ်။ အဘူတာဟာဆိုသူကို IS အစ္စလာမ် စစ်သွေးကြွအဖွဲ့က ဗုံးခွဲဖို့ လေ့ကျင့်ပေးထားသူဖြစ်ကြောင်း၊ အဘူဆေယက် စစ်သွေးကြွအုပ်စုဝင် တစ်ဦးဖြစ်ကြောင်း ဖိလစ်ပိုင် စစ်ဘက်က ပြောပါတယ်။

သူဟာ နိုင်ငံခြားနဲ့ ဂျီဟတ် အုပ်စုတွေကြား ငွေကြေးအထောက်အပ့ံရဖို့ တာဝန်ယူထားသူ ဖြစ်ပါတယ်။ ဗိုလ်မှူးချုပ် ကော်လီတိုက ကျန်နေတဲ့ အဘူဆေယက် အုပ်စုဝင်တွေကို လက်နက်ချ အညံ့ခံဖို့ ပြောထားပါတယ်။

Zawgyi Version

IS အဖွဲ့နဲ့ ချိတ်ဆက်သူကို ဖိလစ်ပိုင် စစ်တပ် သုတ်သင်

IS အစ္စလာမ် အကြမ်းဖက်အဖွဲ့နဲ့ ချိတ်ဆက်ထားတဲ့ စစ်သွေးကြွအဖွဲ့ဝင်တစ်ဦးကို ဖိလစ်ပိုင်စစ်တပ်က သုတ်သင်နိုင်ခဲ့ပါတယ်။

အဲဒီသူဟာ ဆူလူမြို့မှာ အသေခံ ဗုံးခွဲတိုက်ခိုက်မှုတွေလုပ်ဖို့ နောက်ကွယ်က ကြိုးကိုင်ခဲ့သူဖြစ်ကြောင်း ဖိလစ်ပိုင် စစ်ဘက်က ပြောပါတယ်။ အဘူတာဟာဆိုသူကို IS အစ္စလာမ် စစ်သွေးကြွအဖွဲ့က ဗုံးခွဲဖို့ လေ့ကျင့်ပေးထားသူဖြစ်ကြောင်း၊ အဘူဆေယက် စစ်သွေးကြွအုပ်စုဝင် တစ်ဦးဖြစ်ကြောင်း ဖိလစ်ပိုင် စစ်ဘက်က ပြောပါတယ်။

သူဟာ နိုင်ငံခြားနဲ့ ဂျီဟတ် အုပ်စုတွေကြား ငွေကြေးအထောက်အပံ့ရဖို့ တာဝန်ယူထားသူ ဖြစ်ပါတယ်။ ဗိုလ်မှူးချုပ် ကော်လီတိုက ကျန်နေတဲ့ အဘူဆေယက် အုပ်စုဝင်တွေကို လက်နက်ချ အညံ့ခံဖို့ ပြောထားပါတယ်။