
0
277




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

စပါးနဲ့ ပွဲကို မန်ချက်စတာယူနိုက်တက် နောက်ခံလူ ဖီးဂျုံးစ် ပြန်ပါမယ်

မန်ချက်စတာ ယူနိုက်တက် နောက်ခံလူ ဖီးဂျုံးစ်ဟာ လာမယ့် စနေနေ့မှာ ကစားမယ့် စပါးနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်ကို ပြန်ပါမယ်လို့ နည်းပြမော်ရင်ဟိုက ပြောပါတယ်။

ဖီဂျုံးစ်ဟာ မန်ချက်စတာယူနိုက်တက် အသင်းနဲ့ ဟတ်ဒါဖိလ်းတို့ ကစားခဲ့တဲ့ ပရီးမီယားလိဂ်ပွဲစဉ်မှာ ဒဏ်ရာရရှိသွားတာကြောင့် ကွင်းအတွင်းမှ ထွက်ခဲ့ရပါတယ်။ လက်ရှိ အချိန်မှာ သူရဲ့ ခြေထောက် ဒဏ်ရာဟာ ပြန်တိုးတက်ကောင်းမွန်နေပြီး စပါးနဲ့ပွဲကို ပြန်ပါနိုင်ဖို့ ကြံ့ခိုင်မှု အပြည့်ရှိနေမယ်လို့ နည်းပြမော်ရင်ဟိုက ပြောခဲ့ပါတယ်။

ဖီးဂျုံးစ်ဟာ လက်ရှိရာသီမှာ မန်ချက်စတာ ယူနိုက်တက် နောက်တန်းအတွက် ခြေစွမ်းပြ ကစားနိုင်နေသူဖြစ်ပြီး သူ မပါချိန်မှာ အသင်းရဲ့ နောက်တန်းကစားပုံ အခက်ခဲတွေ ရှိခဲ့တယ်လို့ သုံးသပ်မှုနေကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)