သမုဒၵရာက ဆယ္ယူရရွိတဲ့ ပလတ္စတစ္ေတြနဲ႔ ဘူးသစ္ ဖန္တီး

0
378

ဘရာဇီးႏိုင္ငံမွာ ၂၀၁၆ ခုႏွစ္ အိုလံပစ္ ပြဲေတာ္အတြက္ ျပင္ဆင္တုန္းက ရီယို ဒီ ဂ်နဲ႐ိုး ပင္လယ္ေအာ္က ေကာက္ယူရရွိတဲ့ ပလတ္စတစ္ေတြနဲ႔ ဘူးသစ္တစ္ဘူး ဖန္တီးလိုက္ပါတယ္။ ဒီဘူးကို သမုဒၵရာထဲက ဆယ္ယူတဲ့ ပလတ္စတစ္ ၅၀ ရာခိုင္ႏႈန္းနဲ႔ တျခား ျပန္သံုးလို႔ရတဲ့ စြန္႔ပစ္ပစၥည္း ၅၀ ရာခိုင္ႏႈန္းတို႔နဲ႔ လုပ္ထားတာပါ။

၂၀၁၆ ခုႏွစ္ အိုလံပစ္ပြဲအတြက္ ျပင္ဆင္တုန္းက ရီယို ဒီ ဂ်နဲ႐ိုး ပင္လယ္ေအာ္မွာ ပလတ္စတစ္ေတြ ဆယ္ယူရာမွာ ရွစ္တန္အထိ ဆယ္ယူရရွိပါတယ္။ ဒီပလတ္စတစ္ေတြကို Ecover ေဆးေၾကာသန္႔စင္ရည္ ထည့္တဲ့ ဘူးေတြအျဖစ္ ျပန္ဖန္တီးမွာ ျဖစ္ပါတယ္။

ဒီပလတ္စတစ္ ဘူးသစ္အမ်ိဳးအစားဟာ သမုဒၵရာအတြင္း စြန္႔ပစ္ပစၥည္းေတြေၾကာင့္ ေရထူညစ္ညမ္းမႈကို တားဆီးဖို႔ ေမွ်ာ္လင့္ခ်က္ ျဖစ္လာပါတယ္။

ဒီဘူးကို ဖန္တီးတဲ့ ကုမၸဏီကေတာ့ အခုလို ဖန္တီးမႈဟာ ပထမဆံုး ျဖစ္ေၾကာင္း၊ ၂၀၂၀ မွာ ေဆးေၾကာသန္႔စင္ရည္ေတြကို ဒီလို ဘူးမ်ိဳးေတြနဲ႔သာ ထုတ္လုပ္မွာ ျဖစ္ေၾကာင္း ေၾကညာပါတယ္။ ဘူးတစ္ဘူးကို စတာလင္ေပါင္ ၂ ေပါင္ က်သင့္မွာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

သမုဒ္ဒရာက ဆယ်ယူရရှိတဲ့ ပလတ်စတစ်တွေနဲ့ ဘူးသစ် ဖန်တီး

ဘရာဇီးနိုင်ငံမှာ ၂၀၁၆ ခုနှစ် အိုလံပစ် ပွဲတော်အတွက် ပြင်ဆင်တဲ့အနေနဲ့ ရီယို ဒီ ဂျနဲရိုး ပင်လယ်အော်က ကောက်ယူရရှိတဲ့ ပလတ်စတစ်တွေနဲ့ ဘူးသစ်တစ်ဘူး ဖန်တီးလိုက်ပါတယ်။ ဒီဘူးကို သမုဒ္ဒရာထဲက ဆယ်ယူတဲ့ ပလတ်စတစ် ၅၀ ရာခိုင်နှုန်းနဲ့ တခြား ပြန်သုံးလို့ရတဲ့ စွန့်ပစ်ပစ္စည်း ၅၀ ရာခိုင်နှုန်းတို့နဲ့ လုပ်ထားတာပါ။

၂၀၁၆ ခုနှစ် အိုလံပစ်ပွဲအတွက် ပြင်ဆင်တဲ့ အနေနဲ့ ရီယို ဒီ ဂျနဲရိုး ပင်လယ်အော်မှာ ပလတ်စတစ်တွေ ဆယ်ယူရာမှာ ရှစ်တန်အထိ ဆယ်ယူရရှိပါတယ်။ ဒီပလတ်စတစ်တွေကို Ecover ဆေးကြောသန့်စင်ရည် ထည့်တဲ့ ဘူးတွေအဖြစ် ပြန်ဖန်တီးမှာ ဖြစ်ပါတယ်။

ဒီပလတ်စတစ် ဘူးသစ်အမျိုးအစားဟာ သမုဒ္ဒရာအတွင်း စွန့်ပစ်ပစ္စည်းတွေကြောင့် ရေထူညစ်ညမ်းမှုကို တားဆီးဖို့ မျှော်လင့်ချက် ဖြစ်လာပါတယ်။

ဒီဘူးကို ဖန်တီးတဲ့ ကုမ္ပဏီကတော့ အခုလို ဖန်တီးမှုဟာ ပထမဆုံး ဖြစ်ကြောင်း၊ ၂၀၂၀ မှာ ဆေးကြောသန့်စင်ရည်တွေကို ဒီလို ဘူးမျိုးတွေနဲ့သာ ထုတ်လုပ်မှာ ဖြစ်ကြောင်း ကြေညာပါတယ်။ ဘူးတစ်ဘူးကို စတာလင်ပေါင် ၂ ပေါင် ကျသင့်မှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)