တ႐ုတ္ကြန္ျမဴနစ္ပါတီ အမ်ိဳးသားကြန္ဂရက္က သမၼတ ရွီက်င့္ဖ်င္ကို ဆက္လက္ေရြးခ်ယ္

0
334

တ႐ုတ္ႏိုင္ငံ၊ ေဘဂ်င္းၿမိဳ႕မွာ က်င္းပတဲ့ ၁၉ ႀကိမ္ေျမာက္ တ႐ုတ္ကြန္ျမဴနစ္ပါတီ အမ်ိဳးသားကြန္ဂရက္က လက္ရွိသမၼတ ရွီက်င့္ဖ်င္ကိုပဲ ဆက္လက္ ေရြးခ်ယ္ခဲ့ပါတယ္။

သမၼတ ရွီက်င့္ဖ်င္ကလည္း ေနာက္သက္တမ္း ငါးႏွစ္မွာ ေခါင္းေဆာင္ဖို႔ ကြန္ျမဴနစ္ပါတီရဲ႕ ေပါလစ္ျဗဴ႐ို အၿမဲတမ္း ေကာ္မတီ (PBSC) အဖြဲ႔ဝင္ေတြကို ထုတ္ေဖာ္ ေျပာဆိုလိုက္ပါတယ္။ အဖြဲ႔ဝင္ ခုႏွစ္ဦးအနက္ ငါးဦးက လူသစ္ေတြ ျဖစ္ပါတယ္။

သမၼတ ရွီက်င့္ဖ်င္၊ ဝန္ႀကီးခ်ဳပ္ လီ ကီကင္တို႔နဲ႔အတူ လီ ဇန္႐ႈ၊ ဝန္ယန္၊ ဝန္ဟူနင္၊ ေဇာင္ လီဂ်ီ၊ ဟန္ ဇင္တို႔ ပါဝင္မွာ ျဖစ္ပါတယ္။

ေပါလစ္ျဗဴ႐ို အၿမဲတမ္း ေကာ္မတီ အဖြဲ႔ဝင္ေတြကို မေန႔က ေအာက္တိုဘာ ၂၄ ရက္ေန႔ တ႐ုတ္ကြန္ျမဴနစ္ပါတီ အမ်ိဳးသားကြန္ဂရက္ ပိတ္ပြဲမွာ ေၾကညာခဲ့တာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တရုတ်ကွန်မြူနစ်ပါတီ အမျိုးသားကွန်ဂရက်က သမ္မတ ရှီကျင့်ဖျင်ကို ဆက်လက်ရွေးချယ်

တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့မှာ ကျင်းပတဲ့ ၁၉ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ အမျိုးသားကွန်ဂရက်က လက်ရှိသမ္မတ ရှီကျင့်ဖျင်ကိုပဲ ဆက်လက် ရွေးချယ်ခဲ့ပါတယ်။

သမ္မတ ရှီကျင့်ဖျင်ကလည်း နောက်သက်တမ်း ငါးနှစ်မှာ ခေါင်းဆောင်ဖို့ ကွန်မြူနစ်ပါတီရဲ့ ပေါလစ်ဗြူရို အမြဲတမ်း ကော်မတီ (PBSC) အဖွဲ့ဝင်တွေကို ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။ အဖွဲ့ဝင် ခုနှစ်ဦးအနက် ငါးဦးက လူသစ်တွေ ဖြစ်ပါတယ်။

သမ္မတ ရှီကျင့်ဖျင်၊ ဝန်ကြီးချုပ် လီ ကီကင်တို့နဲ့အတူ လီ ဇန်ရှု၊ ဝန်ယန်၊ ဝန်ဟူနင်၊ ဇောင် လီဂျီ၊ ဟန် ဇင်တို့ ပါဝင်မှာ ဖြစ်ပါတယ်။

ပေါလစ်ဗြူရို အမြဲတမ်း ကော်မတီ အဖွဲ့ဝင်တွေကို မနေ့က အောက်တိုဘာ ၂၄ ရက်နေ့ တရုတ်ကွန်မြူနစ်ပါတီ အမျိုးသားကွန်ဂရက် ပိတ်ပွဲမှာ ကြေညာခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)