
0
359




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မူပိုင်ခွင့်အမှု အနိုင်ရလို့ Rap အဆိုတော် အမ်မနင် ဒေါ်လာ ၆ သိန်း ရ

နယူးဇီလန်နိုင်ငံ ၂၀၁၄ ခုနှစ် ရွေးကောက်ပွဲ မဲဆွယ်မှု ကြော်ငြာမှာ နေရှယ်နယ် ပါတီဟာ နာမည်ကျော် Rap အဆိုတော် အမ်မနင်ရဲ့ သီချင်းမူပိုင်ခွင့်ကို ချိုးဖောက်ကြောင်း ထင်ရှားတဲ့အတွက် အမ်မနင်ကို နယူးဇီလန်ဒေါ်လာ ၆ သိန်း လျော်ကြေး ပေးရမှာ ဖြစ်ပါတယ်။

နေရှင်နယ်ပါတီဟာ အမ်မနင်ရဲ့ နာမည်ကြီး သီချင်းတစ်ပုဒ်ဖြစ်တဲ့ Lose Yurself သီချင်းနဲ့ မနီးရိုးစွဲ သီချင်းကို ရွေးကောက်ပွဲ မယ်ဆွယ်မှုမှာ သုံးခဲ့တာ ဖြစ်ပါတယ်။

သီချင်း နှစ်ပုဒ်ဟာ ခြားနားမှု နည်းနည်းပဲ ရှိတယ်၊ ဒရမ်ရိုက်ချက်တွေလည်း နီးနီးစပ်စပ်တူတယ်၊ မယ်လိုဒီလိုင်းနဲ့ စန္ဒယားတီးခတ်မှုဟာလည်း Lose Yourself နဲ့ ဆင်တူတယ်လို့ နယူးဇီလန် တရားရုံးက ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)