စစ္ေရးျပအခမ္းနားကို တုိက္ခုိက္ခဲ့မႈအတြက္ ဒါဇင္နဲ႔ခ်ီတဲ့ အီရန္တပ္ဖြဲ႕ဝင္ေတြကုိ ဖမ္းဆီး

0
776

အီရန္ေထာက္လွမ္းေရးဝန္ႀကီးက အာဗက္ၿမိဳ႕ စစ္ေရးျပအခမ္းနား တုိက္ခုိက္ခံရမႈနဲ႔ပတ္သက္လို႔ သံသယရွိသူ အမ်ားျပားကို ဖမ္းဆီးခဲ့ေၾကာင္း ေျပာခဲ့ပါတယ္။

ၿပီးခဲ့တဲ့ စေန႔ေန႔က အီရန္စစ္ေရးျပအခမ္းနားပြဲ တုိက္ခုိက္ခံခဲ့ရၿပီး အနည္းဆံုးလူေပါင္း ၂၅ ဦး ေသဆံုးခဲ့ပါတယ္။ တုိက္ခုိက္မႈရဲ႕ေနာက္ကြယ္မွာ ႀကီးမားတဲ့ ကြန္ရက္တစ္ခုရွိေနၿပီး ကြန္ရက္၀င္ေတြကို ဖမ္းဆီးခဲ့တယ္လုိ႔ အီရန္ေထာက္လွမ္းေရးဝန္ႀကီးက ေျပာပါတယ္။

အီရန္ႏုိင္ငံဟာ အေမရိကန္နဲ႔ အစၥေရးႏုိင္ငံတုိ႔ကို သတိေပးခဲ့ၿပီး လက္တံု႔ျပန္မႈေတြလုပ္သြားမယ္လို႔ ေျပာပါတယ္။ အေမရိကန္ႏိုင္ငံကေတာ့ စြပ္စြဲမႈကို ျငင္းဆန္ထားပါတယ္။ ဒါ့အျပင္ အီရန္သမၼတ စစ္ေရးျပအခမ္းနားကို တိုက္ခုိက္ခဲ့သူေတြဟာ ပင္လယ္ေကြ႔ႏုိုင္ငံေတြရဲ႕ အဖြဲ႔၀င္ေတြျဖစ္တယ္လို႔ အီရန္သမၼတက စြပ္စြဲထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

စစ်ရေးပြအခမ်းနားကို တိုက်ခိုက်ခဲ့မှုအတွက် ဒါဇင်နဲ့ချီတဲ့ အီရန်တပ်ဖွဲ့ဝင်တွေကို ဖမ်းဆီး

အီရန်ထောက်လှမ်းရေးဝန်ကြီးက အာဗက်မြို့ စစ်ရေးပြအခမ်းနား တိုက်ခိုက်ခံရမှုနဲ့ပတ်သက်လို့ သံသယရှိသူ အများပြားကို ဖမ်းဆီးခဲ့ကြောင်း ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့ စနေ့နေ့က အီရန်စစ်ရေးပြအခမ်းနားပွဲ တိုက်ခိုက်ခံခဲ့ရပြီး အနည်းဆုံးလူပေါင်း ၂၅ ဦး သေဆုံးခဲ့ပါတယ်။ တိုက်ခိုက်မှုရဲ့နောက်ကွယ်မှာ ကြီးမားတဲ့ ကွန်ရက်တစ်ခုရှိနေပြီး ကွန်ရက်ဝင်တွေကို ဖမ်းဆီးခဲ့တယ်လို့ အီရန်ထောက်လှမ်းရေးဝန်ကြီးက ပြောပါတယ်။

အီရန်နိုင်ငံဟာ အမေရိကန်နဲ့ အစ္စရေးနိုင်ငံတို့ကို သတိပေးခဲ့ပြီး လက်တုံပြန်မှုတွေလုပ်သွားမယ်လို့ ပြောပါတယ်။ အမေရိကန်နိုင်ငံကတော့ စွပ်စွဲမှုကို ငြင်းဆန်ထားပါတယ်။ ဒါ့အပြင် အီရန်သမ္မတ စစ်ရေးပြအခမ်းနားကို တိုက်ခိုက်ခဲ့သူတွေဟာ ပင်လယ်ကွေ့နိုုင်ငံတွေရဲ့ အဖွဲ့ဝင်တွေဖြစ်တယ်လို့ အီရန်သမ္မတက စွပ်စွဲထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)