
0
263



အဲ့ဒီလိုဆူပူမှုတွေကို၁၀မိနစ်အတွင်းထိန်းချုပ်နိုင်ခဲ့ပြီးထောင်အစောင့်တွေဘက်ကတော့ ထိခိုက်ဒဏ်ရာရရှိခဲ့သူ မရှိခဲ့ကြပါဘူးလို့  ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။


>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကယ်လီဖိုးနီးယားအကျဉ်းထောင် ဆူပူမှုဖြစ်ပွား ၁ ဦးသေ ၈ ဦးဒဏ်ရာရ

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်အလယ်ပိုင်းမှာရှိတဲ့ ထောင်အတွင်း မနေ့ စက် တင်ဘာ ၂၄ ရက်နေ့က ထောင်ဆူပူမှုဖြစ်ပေါ်ခဲ့လို့ ထောင်သား ၁ ဦး သေဆုံးခဲ့ပြီး ၈ ဦးဒဏ်ရာ ရ ရှိခဲ့ပါတယ်။

အဲ့ဒီထောင်ထဲမှာအကျဉ်းသား၁၆၀ကျော်ရှိပြီးထောင်အတွင်းဆူပူမှုတွေဖြစ်ပေါ်ခဲ့လို့ထောင်စောင့်တွေက ရော်ဘာကျည်ဆံနဲ့ ပတ်ခတ်တာတွေ ၊ ငရုတ်ကောင်းရည် ဖြန်းပက်တာ တွေပြုလုပ်ခဲ့ကြပါတယ်။

အဲ့ဒီလိုဆူပူမှုတွေကို၁၀မိနစ်အတွင်းထိန်းချုပ်နိုင်ခဲ့ပြီးထောင်အစောင့်တွေဘက်ကတော့ ထိခိုုက်ဒဏ်ရာရရှိခဲ့သူ မရှိခဲ့ကြပါဘူးလို ့ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

သူအလုပ်ဝင်ခဲ့တဲ့သက်တမ်း၂၂နှစ်အတွင်းအခုဆူပူမှုဟာပထမဆုံးအကြိမ်ဖြစ်တယ်လို့အဲ့ဒီအမျိုးသမီးက ပြောပါတယ်။ ဆူပူမှုဖြစ်ပွားခဲ့တဲ့ အကျဉ်းသား ၉ ဦးကို ဆေးရုံကို ပို့ဆောင်ပေးခဲ့ပြီး တစ်ဦးကတော့ ဓါးဒဏ်ရာကြောင့် သေဆုံးသွားခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)