စတာဂျစ် ဆိုင်ကယ် ချီတက်ပွဲ တက်ရောက်သူတွေ COVID-19 ကူးစက်မှု မြန်ဆန်ပြီး ဝေးဝေးပြန့်နေ

0
582

အမေရိကန် ပြည်ထောင်စု တောင် ဒါကိုတာမှာ ပြုလုပ်တဲ့ စတာဂျစ် မော်တော်ဆိုင်ကယ် ချီတက်ပွဲကို ထောင်နဲ့ချီတဲ့ ဆိုင်ကယ်သမားတွေ တက်ရောက်ပြီးနောက် ပြည်နယ်များစွာက ပြည်သူ့ကျန်းမာရေး ဌာနတွေဟာ အရက်ဘားတွေ၊ ဆေးမင်ထိုးဆိုင်တွေနဲ့ စုဝေးပွဲတွေ လုပ်ခဲ့တဲ့နေရာမှာ ကိုရိုနာဗိုင်းရပ်စ် ဘယ်လောက် မြန်မြန်နဲ့ ဘယ်လောက် ဝေးဝေးအထိ ပြန့်နှံ့ကုန်သလဲဆိုတာ သိနိုင်ဖို့ ကြိုးစားနေကြပါတယ်။

စတာဂျစ်မြို့မှာ နေထိုင်သူ ၇ ထောင်ကို COVID-19 ကူးစက်မှု စစ်ဆေးတွေ့ရှိရပြီးနောက် အနည်းဆုံး ပြည်နယ် ခြောက်ခုက ကျန်းမာရေး တာဝန်ရှိသူတွေဟာ သြဂုတ်လ ၁၆ ရက်မှာ အဆုံးသတ်တဲ့ ၁၀ ရက်ကြာ ဆိုင်ကယ် ချီတက်ပွဲမှာ ရောဂါဖြစ်ပွားခဲ့မှုတွေကို ခြေရာခံဖို့ ကြိုးစားနေပါတယ်။

အမေရိကန်ပြည်ထောင်စု ထက်ဝက်လောက်ကို ခရီးနှင်ခဲ့ကြတဲ့ ဆိုင်ကယ်ချီတက်ပွဲ သွားသူတွေ၊ ဘားဆိုင်ဝန်ထမ်းတွေကြား မမြင်နိုင်တဲ့ ဗိုင်းရပ်စ် ပြန့်နှံ့မှုကို ခြေရာခံဖို့ အလုပ်ကြီးဟာ ကျန်းမာရေး တာဝန်ရှိသူတွေအဖို့ ဝန်ထုပ်ဝန်ပိုးကြီး ဖြစ်နေပါတယ်။

ကျန်းမာရေး သုတေသီတွေအတွက် လက်ကိုင်ဖုန်း လုပ်ဆောင်မှုတွေကို စုစည်းပေးတဲ့ ကမ်ဘာ စစ်စတမ် လုပ်ငန်းက ရရှိတဲ့ လေ့လာသုံးသပ်မှုတွေအရ စတာဂျစ် ဆိုင်ကယ် ပွဲတော်ကို တက်ရောက်ခဲ့သူတွေဟာ စီရင်စု စုစုပေါင်းရဲ့ ၆၁ ရာခိုင်နှုန်းက ဖြစ်တယ်လို့ သိရပါတယ်။

ဝါရှင်တန် ဒီစီမြို့တစ်လုံးမှာ ခြေရာခံလိုက်ဖို့ဆိုတာ စဉ်းစားကြည့်စေလိုကြောင်း၊ သိတဲ့အတိုင်း ခပ်ခွာခွာနေမှုလည်း မရှိ၊ ရှိလျှင်လည်း အလွန် အကန့်အသတ်နဲ့ ဖြစ်ပြီး နှာခေါင်းစည်းတပ်သူတွေကလည်း အကန့်အသတ်နဲ့သာ ရှိကြောင်း ကမ်ဘာ စစ်စတမ်ကို ပူးတွဲတည်ထောင်သူ နာဗင် ဗမ်ဘာက ပြောပါတယ်။

နေရာတွေအကုန်လုံးက လူတွေအဖို့ အလွန် အန္တရာယ်ကြီးတဲ့ အခြေအနေဖြစ်ကြောင်းနဲ့ ဗိုင်းရပ်စ်ကူးစက်မှုကို ခြေရာခံဖို့ဟာ ပြောမပြနိုင်လောက်အောင် ခက်ခဲနေကြောင်းလည်း ဗမ်ဘာက ပြောပါတယ်။

တောင် ဒါကိုတာ၊ မင်နီဆိုတာ၊ နီဘရာစကာနဲ့ ဝိုမင်း ပြည်နယ် လေးခုရှိ ကျန်းမာရေး ဌာနတွေကတော့ ဆိုင်ကယ် ချီတက်ပွဲကို သွားခဲ့သူတွေထဲက ၈၁ ဦးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်တာ တွေ့ရကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

မှောကြ ဒါကိုတာနဲ့ ဝါရှငတြနတြို့မှာ နထေိုငသြူတှလညြေး ဗိုငြးရပဈြ ကူးစကမြှုရှိတယလြို့ သတငြးပို့ကှောငြး တောငြ ဒါကိုတာ ကနွြးမာရေး တာဝနရြှိသူတှကေ သှဂုတလြ ၂၄ ရကနြေ့မှာ ပှောပါတယြ။ ဆိုငကြယသြမားတှနေဲ့ ဆကစြပပြှီး နာမညကြှီးတဲ့ စီးပှားရေးလုပငြနြး ငါးခုဟာလညြး COVID-19 ကူးစကနြိုငခြှရှေိကှောငြးနဲ့ လူတှေ ဘယလြောကြ ကူးစကကြုနပြှီလညြးဆိုတာ မသိကှောငြး အမရေိကနြ ကနွြးမာရေး ဌာနက ပှောပါတယြ။

_____________________


_____________________

စတာဂစြျ ဆိုငျကယျ ခြီတကျပှဲ တကျရောကျသူတှေ COVID-19 ကူးစကျမှု မွနျဆနျပွီး ဝေးဝေးပွနျ့နေ

အမေရိကန် ပြည်ထောင်စု တောင် ဒါကိုတာမှာ ပြုလုပ်တဲ့ စတာဂျစ် မော်တော်ဆိုင်ကယ် ချီတက်ပွဲကို ထောင်နဲ့ချီတဲ့ ဆိုင်ကယ်သမားတွေ တက်ရောက်ပြီးနောက် ပြည်နယ်များစွာက ပြည်သူ့ကျန်းမာရေး ဌာနတွေဟာ အရက်ဘားတွေ၊ ဆေးမင်ထိုးဆိုင်တွေနဲ့ စုဝေးပွဲတွေ လုပ်ခဲ့တဲ့နေရာမှာ ကိုရိုနာဗိုင်းရပ်စ် ဘယ်လောက် မြန်မြန်နဲ့ ဘယ်လောက် ဝေးဝေးအထိ ပြန့်နှံ့ကုန်သလဲဆိုတာ သိနိုင်ဖို့ ကြိုးစားနေကြပါတယ်။

စတာဂျစ်မြို့မှာ နေထိုင်သူ ၇ ထောင်ကို COVID-19 ကူးစက်မှု စစ်ဆေးတွေ့ရှိရပြီးနောက် အနည်းဆုံး ပြည်နယ် ခြောက်ခုက ကျန်းမာရေး တာဝန်ရှိသူတွေဟာ သြဂုတ်လ ၁၆ ရက်မှာ အဆုံးသတ်တဲ့ ၁၀ ရက်ကြာ ဆိုင်ကယ် ချီတက်ပွဲမှာ ရောဂါဖြစ်ပွားခဲ့မှုတွေကို ခြေရာခံဖို့ ကြိုးစားနေပါတယ်။

အမေရိကန်ပြည်ထောင်စု ထက်ဝက်လောက်ကို ခရီးနှင်ခဲ့ကြတဲ့ ဆိုင်ကယ်ချီတက်ပွဲ သွားသူတွေ၊ ဘားဆိုင်ဝန်ထမ်းတွေကြား မမြင်နိုင်တဲ့ ဗိုင်းရပ်စ် ပြန့်နှံ့မှုကို ခြေရာခံဖို့ အလုပ်ကြီးဟာ ကျန်းမာရေး တာဝန်ရှိသူတွေအဖို့ ဝန်ထုပ်ဝန်ပိုးကြီး ဖြစ်နေပါတယ်။

ကျန်းမာရေး သုတေသီတွေအတွက် လက်ကိုင်ဖုန်း လုပ်ဆောင်မှုတွေကို စုစည်းပေးတဲ့ ကမ်ဘာ စစ်စတမ် လုပ်ငန်းက ရရှိတဲ့ လေ့လာသုံးသပ်မှုတွေအရ စတာဂျစ် ဆိုင်ကယ် ပွဲတော်ကို တက်ရောက်ခဲ့သူတွေဟာ စီရင်စု စုစုပေါင်းရဲ့ ၆၁ ရာခိုင်နှုန်းက ဖြစ်တယ်လို့ သိရပါတယ်။

ဝါရှင်တန် ဒီစီမြို့တစ်လုံးမှာ ခြေရာခံလိုက်ဖို့ဆိုတာ စဉ်းစားကြည့်စေလိုကြောင်း၊ သိတဲ့အတိုင်း ခပ်ခွာခွာနေမှုလည်း မရှိ၊ ရှိလျှင်လည်း အလွန် အကန့်အသတ်နဲ့ ဖြစ်ပြီး နှာခေါင်းစည်းတပ်သူတွေကလည်း အကန့်အသတ်နဲ့သာ ရှိကြောင်း ကမ်ဘာ စစ်စတမ်ကို ပူးတွဲတည်ထောင်သူ နာဗင် ဗမ်ဘာက ပြောပါတယ်။

နေရာတွေအကုန်လုံးက လူတွေအဖို့ အလွန် အန္တရာယ်ကြီးတဲ့ အခြေအနေဖြစ်ကြောင်းနဲ့ ဗိုင်းရပ်စ်ကူးစက်မှုကို ခြေရာခံဖို့ဟာ ပြောမပြနိုင်လောက်အောင် ခက်ခဲနေကြောင်းလည်း ဗမ်ဘာက ပြောပါတယ်။

တောင် ဒါကိုတာ၊ မင်နီဆိုတာ၊ နီဘရာစကာနဲ့ ဝိုမင်း ပြည်နယ် လေးခုရှိ ကျန်းမာရေး ဌာနတွေကတော့ ဆိုင်ကယ် ချီတက်ပွဲကို သွားခဲ့သူတွေထဲက ၈၁ ဦးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်တာ တွေ့ရကြောင်း သတင်းထုတ်ပြန်ထားပါတယ်။ မြောက် ဒါကိုတာနဲ့ ဝါရှင်တန်တို့မှာ နေထိုင်သူတွေလည်း ဗိုင်းရပ်စ် ကူးစက်မှုရှိတယ်လို့ သတင်းပို့ကြောင်း တောင် ဒါကိုတာ ကျန်းမာရေး တာဝန်ရှိသူတွေက သြဂုတ်လ ၂၄ ရက်နေ့မှာ ပြောပါတယ်။ ဆိုင်ကယ်သမားတွေနဲ့ ဆက်စပ်ပြီး နာမည်ကြီးတဲ့ စီးပွားရေးလုပ်ငန်း ငါးခုဟာလည်း COVID-19 ကူးစက်နိုင်ခြေရှိကြောင်းနဲ့ လူတွေ ဘယ်လောက် ကူးစက်ကုန်ပြီလည်းဆိုတာ မသိကြောင်း အမေရိကန် ကျန်းမာရေး ဌာနက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)