သေပြီဆိုတဲ့ အမျိုးသမီးငယ်က နာရေးမှာ မျက်လုံးပြန်ပွင့်လာ

0
623

အမေရိကန် ပြည်ထောင်စု၊ မစ်ချီဂန်ပြည်နယ်၊ ဒက်ထရွိုက်မှာ သေပြီလို့ ပြောထားတဲ့ အမျိုးသမီးငယ်ဟာ အလောင်းကို နာရေးမှာ မပုပ်သိုးအောင် ဆေးသွင်းခါနီး မျက်လုံးပြန်ပွင့်လာပြီး အသက်ရှင်နေတာကို တွေ့ခဲ့ကြပါတယ်။

အသက် ၂၀ နှစ်အရွယ် အမျိုးသမီးငယ်ဟာ တုံ့ပြန်မှုမရှိတော့ဘူးလို့ ဆေးကုသတဲ့အဖွဲ့က အကြောင်းကြားပြီးနောက် အခုလို ထိတ်လန့်ဖွယ်ရာ အဖြစ်အပျက် သြဂုတ်လ ၂၃ ရက်နေ့က ဖြစ်ခဲ့တာလို့ ဆောက်သ်ဖီးလ် မီးသတ်တပ်ဖွဲ့က ပြောပါတယ်။

ဆေးဘက်ဆိုင်ရာ အကူတွေက အမျိုးသမီးငယ်ကို ကယ်နိုင်အောင် မိနစ် ၃၀ ကြိုးစားပြီးနောက် အရေးပေါ်ခန်း ဆရာဝန်နဲ့ တိုင်ပင်ခဲ့ကြပါသေးတယ်။ ဆေးကုသမှု အချက်အလက်တွေကို အခြေခံပြီး ဆရာဝန်က လူနာက သေဆုံးပြီလို့ ပြောခဲ့တာပါ။

သေဆုံးပြီလို့ထင်တဲ့ အမျိုးသမီးငယ် အလောင်းကို ခွဲစိတ်စစ်ဆေးခြင်း မပြုဘဲ မိသားစုထံ ပြန်ပေးလိုက်တာလို့ အုတ်ကလန် စီရင်စု ဆေးဘက်ဆိုင်ရာ စစ်ဆေးရေးရုံးက ပြောပါတယ်။

ဂျိမ်းစ် ကိုးလ် နာရေးအိမ်မှာ နောက်တစ်နာရီကြာ အသက်ရှင်နေပြီးနောက် အသက်ရှူလာပြီဆိုတာ သိရလို့ အရေးပေါ် ဆေးအဖွဲ့ကို ခေါ်လိုက်တယ်လို့ နာရေးပြုလုပ်နေတဲ့အိမ်က ပြောပါတယ်။

မိသားစုက ငှားထားတဲ့ ရှေ့နေ ဂျက်ဖရီ ဖေဂျာက အသက်ပြန်ရှင်လာတဲ့ အမျိုးသမီးငယ်နာမည်ဟာ တီမက်ရှာ ဘော့ချမ့်ဖြစ်တယ်လို့ ပြောပါတယ်။

ကျောချမ်းစရာ အကောင်းဆုံးဖြစ်မယ့် ရုပ်အလောင်းကို ဆေးသွင်းဖို့ ပြင်နေချိန် အလောင်းအိတ်ကို ဇစ်ဖွင့်လိုက်ရာ တီမက်ရှာက မျက်လုံးတွေဖွင့်ပြီး အသက်ရှင်နေတာ တွေ့ရတာလို့ မစ္စတာ ဖေဂျာက ပြောပါတယ်။

သမီးသေပြီဆိုတာကြားတော့ နှလုံးသားတွေ အဆမတန် လေးလံခဲ့ရကြောင်း၊ သမီးက သေပင် မသေသေးကြောင်း တီမက်ရှာရဲ့ မိခင် အဲရစ်ကာ လတ်တီမောက ပြောပါတယ်။

တီမကျရှာ မသဆေုံးဘဲ သဆေုံးပွီလို့ အတညျပွုပေးတဲ့ကိစ်စနဲ့ ပတျသကျပွီး ဌာနတှငျး စုံစမျးစဈဆေးမှုတှေ လုပျမှာ ဖွဈပါတယျ။

___________________

တီမက်ရှာ မသေဆုံးဘဲ သေဆုံးပြီလို့ အတည်ပြုပေးတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဌာနတွင်း စုံစမ်းစစ်ဆေးမှုတွေ လုပ်မှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)