ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်းလပ်  ထိုင်းနိုင်ငံကနေ တိမ်းရှောင် လို့ သတင်းထွက်

0
315

ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်းလပ် ဟာ သူမ ရဲ့အမှုကို အပြီးသတ်ဆုံးဖြတ်ချက် ချမယ့် သြဂုတ် ၂၅ ရက်နေ့ မတိုင်ခင်တည်းက နိုင်ငံကနေ တိမ်းရှောင်သွားခဲ့တယ်လို့  PUEA Thai ပါတီကပြောပါတယ်။

အဆိုပါတီက အမည်မဖော်လိုသူတစ်ဦးက ” ယင်းလပ် ဟာ နိုင်ငံကနေ တိမ်းရှောင်သွားပြီဖြစ်တယ်။ သူမ ဟာ သြဂုတ် ၂၃ ရက် ညပိုင်းတည်းကတိမ်းရှောင်သွားတာဖြစ်တယ်”လို့ ပြောပါတယ်။

ယင်းလပ် ဟာ သြဂုတ် ၂၅ ရက်နေ့ ရုံးချိန်ကိုလာရောက်ဖို့ ပျက်ကွက်ပြီးနောက် ထိုင်းအစိုးရတာဝန်ရှိသူတွေက ယင်းလပ် ဟာ တိမ်းရှောင်မှုတွေပြုလုပ်နိုင်တယ်လို့ သံသယရှိနေချိန်မှာပဲ  အခုလိုမျိုးသတင်းတွေ ထွက်ခဲ့တာဖြစ်ပါတယ်။

ယင်းလပ်ဟာ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူချိန်က ဆန်ဝယ်ယူရေးအစီစဉ်တွေမှာ အကျင့်ပျက်လာဘ် စားတာတွေရှိခဲ့တယ်လို့  စွပ်စွဲခံရပြီး အမှုရင်ဆိုင်နေရတာဖြစ်ပါတယ်။

သူမ ရဲ့အကိုဖြစ်သူ ဝန်ကြီးချုပ်ဟောင်းသက်ဆင် ဟာလည်း အကျင့်ပျက်ခြစားမှုတွေနဲ့ စွဲချက်တင်ခံထားရပြီး ပြည်ပကိုထွက်ပြေးတိမ်းရှောင်နေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)