ရုရှား ကားတစ်စီး ပင်လယ်ထဲထိုးကျ ၊ ၁၄ ဦးသေဆုံး

0
311

ရုရှားနိုင်ငံ တောင်ပိုင်းမှာ အလုပ်သမား တွေ သယ်ဆောင်လာတဲ့ ကားတစ်စီး ဟာပြီးခဲ့တဲ့ သြဂုတ် ၂၄ ရက်နေ့က ပင်လယ်ထဲကို ထိုးကျသွားခဲ့လို့ လူပေါင်း ၁၄ ဦးသေဆုံးသွားခဲ့တယ်လို့ ရုရုား အရေးပေါ်ဆိုင်ရာဝန်ကြီးဌာနက အတည်ပြုခဲ့ပါတယ်။

ကား ဟာ ပင်လယ်ထဲကို ထိုးကျသွားခဲ့တာကြောင့်လူသေဆုံးမှုတွေရှိခဲ့ပြီး ၈ ဦးဒဏ်ရာရခဲ့ပါတယ်။ ဒဏ်ရာရခဲ့သူတွေက ၅ ဦး ဟာစိုးရိမ်ရတဲ့အခြေနေမျိုးမှာ ရှိပါတယ်။

ကား  ဟာ ပင်လယ်ထဲကို ထိုးကျသွားမှုနဲ့ ပတ်သက်လို့ အသေးစိတ်စုံစမ်းနေတယ်လို့ ရုရှား ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေကပြောပါတယ်။

ကားပေါ်မှာအ လုပ်သမားတွေ ဟာရေနံကုမ္ပဏီက ဝန်ထမ်းတွေဖြစ်ပြီး လူပေါင်း ၁၂ ဦးကို ကယ်တင်နိုင်ခဲ့တယ်လို့ ရုရှား မီဒီယာတွေကဖော်ပြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)