အသက် ၁၈ နှစ်အရွယ် အမေရိကန် နိုင်ငံသားတစ်ဦး ကျားကုန်ကူးမှုအတွက် ထောင် အနှစ်၂၀ ကျခံရဖွယ် ရှိနေ

0
409

အသက် ၁၈ နှစ်အရွယ်  လူးဝစ် အူဒိုရို ဗလင်စီယာ ဆိုသူ အမေရိကန် နိုင်ငံသား  ကျားပေါက် အရောင်း အ ၀ယ် ပြုမှုမှာ တရားရင်ဆိုင်နေရပြီး ထောင်ဒဏ် အနှစ် ၂၀ ကျခံရဖွယ်ရှိနေပါတယ်။

အဲ့ဒီ ကျားပေါက် လေးကို တစ်ခြားသူ တစ်ဦးဆီကနေကန် ဒေါ်လာ ၃၀၀ နဲ့  ၀ယ်ယူခဲ့တာဖြစ်ပြီး အမေရိကန် မက္ကဆီကို နယ်စပ်အရှေ့တောင်ပိုင်း  ကိုဖြတ်ကျော်စဉ်  ဂိတ် တစ်ခုမှာ စစ်ဆေးတွေ့ရှိခဲ့တာပါ၊

သူဟာ အဲ့ဒီကျားပေါက်လေးကို ဒေါ်လာ ၁၀၀၀၀ နဲ့ ပြန်လည်ရောင်းချဖို့ သယ်ဆောင်ခဲ့တာကြောင့် လာမဲ့ စက်တင်ဘာ ၅ ရက်နေ့မှာ တရား ရုံးမှာ ပဏာမ ကြားနာမှုတွေ ပြုလုပ်သွားမှာပါ။

ဘင်္ဂလားကျားမျိုးစိတ်တွေဟာ မျိုးတုန်းမဲ့ အန္တရာယ်နဲ့ ရင်ဆိုင်နေရပြီး မျိုးစိတ်တွေကို ကာကွယ် နေကြ တာ ဖြစ်ပါတယ်လို့ အမေရိကန် တောရိုင်းတိရစ္ဆာန်ကာကွယ်ရေးတာဝန်ရှိသူတွေက ပြောပါ တယ်။ လက်ရှိသိမ်းဆည်းရရှိထားတဲ့  ကျားပေါက်လေးကို  စန်ဒီဂို တိရစ္ဆာန်ရုံကို ပို့ဆောင်ပေး သွားမှာပဲ ဖြစ်ပါတယ်။

ဘင်္ဂလားကျားမျိုးစိတ်တွေဟာ ကမ္ဘာပေါ်မှာ ၃၀၀၀ အောက်ထက် လျော့နည်းနေပြီး အိန္ဒိယ ၊ ဘင်္ဂလားဒေရှ့်  ၊ နီပေါလ် ၊ ဘူတန်လ် ၊တရုတ်နဲ့ မြန်မာနိုင်ငံတွေမှာ အများဆုံးတွေ့ရလေ့ရှိပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)