အသံလှိုင်းနဲ့တိုက်ခိုက်ခံရလို့ အမေရိကန်သံရုံးဝန်ထမ်း ၁၆ ဦးဒဏ်ရာရ

0
287

ကျူးဘား နိုင်ငံရှိ အမေရိကန် သံရုံးက  ဝန်ထမ်း ၁၆ ဦး ဟာ အသံလှိုင်းနဲ့တိုက်ခိုက်ခံရလို့ ဒဏ်ရာရခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟီသာနုအာကပြောပါတယ်။

 ဒဏ်ရာရခဲ့သူအားလုံး ဟာသံရုံးဝန်ထမ်းတွေဖြစ်ပြီး  အချို့ကို  ကုသမှုတွေပြုလုပ်ဖို့ အမေရိကန်နိုင်ငံဆီ ပြန်ခေါ်ခဲ့ပါတယ်။

စက်တင်ဘာ ၂၀ ရက်နေ့နောက်ပိုင်းတည်းက  အသံလှိုင်း နဲ့တိုက်ခိုက်တာတွေဖြစ်ခဲ့ပြီးအဲဒီ ဖြစ်ရပ် အပေါ် အမေရိကန် အစိုးရတာဝန်ရှိသူတွေကစုံစမ်းနေပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန က မျှော်လင့်မထားတဲ့အသံလှိုင်းနဲ့တိုက်ခိုက်မှု ဟာ ဇူလိုင် လမှာ စတင်ခဲ့တာဖြစ်ပြီး  ကျူးဘားနိုင်ငံရှိအမေရိကန် နိုင်ငံသားတွေဘေးကင်းစေဖို့ သတိပေးခဲ့ပါတယ်။

အမေရိကန်နိုင်ငံ ဟာ ဒဏ်ရာရမှုနဲ့ ပတ်သက်လို့ အသေးစိတ် ဖော်ပြတာမရှိပေမယ့်  အသံလှိုင်းနဲ့တိုက်ခိုက်ခံရလို့ အမေရိကန် သံရုံးဝန်ထမ်းအချို့ ဟာ ဦးနှောက်ပိုင်းဆိုင်ရာထိခိုက်မှု နဲ့ အကြား အာရုံချို့ယွင်းမှုတွေရှိနေတယ်လို့ သတင်းတွေကဖော်ပြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)