အယ်လ်ဂျာဇီးယား သတင်းဌာနကို ဖြေတဲ့ ဘင်္ဂလားဒေ့ရှ် ရွှေ့ပြောင်းလုပ်သားကို မလေးရှားဖမ်းဆီး

0
257

အယ်လ်ဂျာဇီးယား သတင်းဌာနက ရိုက်ကူးတဲ့ မှတ်တမ်းရုပ်ရှင်မှာ အထောက်အထား မရှိတဲ့ ရွှေ့ပြောင်း လုပ်သားတွေအပေါ် ဆက်ဆံပုံနဲ့ ပတ်သက်ပြီး မလေးရှားအစိုးရကို ဝေဖန်ပြစ်တင်တဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားကို ဖမ်းဆီးထားပြီး ပြည်နှင်ဒဏ် ပေးမယ်လို့ မလေးရှား အာဏာပိုင်တွေက ဇူလိုင်လ ၂၅ ရက်မှာ ပြောပါတယ်။

မှန်ကန်မှု မရှိဘဲ ဘက်လိုက်တယ်လို့ ဝေဖန်ခံရတဲ့ ဇူလိုင်လ ၃ ရက်နေ့က ထုတ်လွှင့်တဲ့ မှတ်တမ်းရုပ်ရှင်နဲ့ ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ် ရွှေ့ပြောင်းလုပ်သား မိုဟာမက် ရေဟန် ကဘီရ်ကို ရဲက စုံးစမ်းစစ်ဆေးနေပါတယ်။ အယ်လ်ဂျာဇီးယားကတော့ သူတို့ရဲ့ မှတ်တမ်းရုပ်ရှင်နဲ့ ပတ်သက်ပြီး ကာကွယ်ပြောဆိုထားပါတယ်။

ရေဟန် (၂၅ နှစ်) ကို ထောက်လှမ်းရေးအဖွဲ့က ဇူလိုင်လ ၂၄ ရက်နေ့မှာ ဖမ်းဆီးထားတယ်လို့ လူဝင်မှုကြီးကြပ်ရေး ဌာနက ပြောပါတယ်။ လူဝင်မှုကြီးကြပ်ရေး ဌာနက ရေဟန် အလုပ်လုပ်ခွင့် ပါမစ်ကို ပြန်သိမ်းပြီး ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံသားကို ပြည်နှင်ဒဏ် ပေးမှာဖြစ်ပြီး အမည်ပျက်စာရင်းသွင်းကာ မလေးရှားကို ပြည်ဝင်ခွင့် တစ်သက်လုံး ပိတ်မှာ ဖြစ်တယ်လို့ လူဝင်မှုကြီးကြပ်ရေး အထွေထွေ ညွှန်ကြားရေးမှူး ခိုင်ရူလ် ဒဇိုင်မီ ဒါအွတ်က ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ကာလအတွင်း အထောက်အထားမရှိတဲ့ ရွှေ့ပြောင်းလုပ်သားတွေအကြောင်းကို အယ်လ်ဂျာဇီးယားက “Locked Up in Malaysia’s Lockdown” အမည်နဲ့ မှတ်တမ်းရုပ်ရှင် ရိုက်ကူးထားတာပါ။ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကာလအတွင်း lockdown တင်းကျပ်စွာ ချထားတဲ့ ကွာလာလမ်ပူမြို့ဧရိယာအတွင်း ရှာဖွေဖမ်းဆီးမှုမှာ ရွှေ့ပြောင်းလုပ်သား ၂ ထောင်ကျော် အဖမ်းခံခဲ့ရပါတယ်။

အဖမ်းမခံရခင် ရေဟန်က WahtsApp ကနေ သူ မလိမ်ကြောင်း၊ ရွှေ့ပြောင်းလုပ်သားတွေအပေါ် ခွဲခြားဆက်ဆံမှုကိုသာ သူပြောခဲ့တာ ဖြစ်ကြောင်း၊ ရွှေ့ပြောင်းဝင်ရောက်သူ အားလုံးနဲ့ ဘင်္ဂလားဒေ့ရှ်သားတွေ သူနဲ့အတူ ရပ်တည်မယ်လို့ ယုံကြည်ကြောင်း ရေးတင်ခဲ့ပါတယ်။

ဒါ့အပြင် အယ်လ်ဂျာဇီးယား သတင်းထောက်နဲ့ ဝန်ထမ်းအုပ်စုလည်း နောက်ထပ် အရေးယူမှုအတွက် သူတို့ ရှာဖွေတွေ့ရှိချက်တွေကို အစိုးရရှေ့နေတွေထံ တင်သွင်းရမယ်လို့ မလေးရှားရဲက ပြောပါတယ်။ အယ်လ်ဂျာဇီးယား သတင်းဌာနဟာ မှတ်တမ်းရုပ်ရှင် မရိုက်ခင် လိုင်စင်လျှောက်ထားဖို့လည်း ပျက်ကွက်တယ်လို့ မလေးရှား အာဏာပိုင်တွေက ပြောထားပြီး သတင်းဌာနကတော့ သူတို့က လိုင်စင် မလိုဘူးလို့ ပြောပါတယ်။

အယလြဂြွာဇီးယား သတငြးဌာနက ခှိမြးခှောကမြှု မရှိဘဲ သတငြးရယူခှင့ကြို တောငြးဆိုထားပှီး မလေးရှား အစိုးရကိုလညြး ရာဇဝတမြှုဆိုငရြာ စုံစမြးစဈဆေးမှုတှကေို ရုပသြိမြးဖို့ တိုကတြှနြးထားပါတယြ။

__________________

__________________

အယျလျဂြာဇီးယား သတငျးဌာနကို ဖွတေဲ့ ဘငျ်ဂလားဒေ့ရျှ ရှှေ့ပွောငျးလုပျသားကို မလေးရှားဖမျးဆီး

အယ်လ်ဂျာဇီးယား သတင်းဌာနက ရိုက်ကူးတဲ့ မှတ်တမ်းရုပ်ရှင်မှာ အထောက်အထား မရှိတဲ့ ရွှေ့ပြောင်း လုပ်သားတွေအပေါ် ဆက်ဆံပုံနဲ့ ပတ်သက်ပြီး မလေးရှားအစိုးရကို ဝေဖန်ပြစ်တင်တဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားကို ဖမ်းဆီးထားပြီး ပြည်နှင်ဒဏ် ပေးမယ်လို့ မလေးရှား အာဏာပိုင်တွေက ဇူလိုင်လ ၂၅ ရက်မှာ ပြောပါတယ်။

မှန်ကန်မှု မရှိဘဲ ဘက်လိုက်တယ်လို့ ဝေဖန်ခံရတဲ့ ဇူလိုင်လ ၃ ရက်နေ့က ထုတ်လွှင့်တဲ့ မှတ်တမ်းရုပ်ရှင်နဲ့ ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ် ရွှေ့ပြောင်းလုပ်သား မိုဟာမက် ရေဟန် ကဘီရ်ကို ရဲက စုံးစမ်းစစ်ဆေးနေပါတယ်။ အယ်လ်ဂျာဇီးယားကတော့ သူတို့ရဲ့ မှတ်တမ်းရုပ်ရှင်နဲ့ ပတ်သက်ပြီး ကာကွယ်ပြောဆိုထားပါတယ်။

ရေဟန် (၂၅ နှစ်) ကို ထောက်လှမ်းရေးအဖွဲ့က ဇူလိုင်လ ၂၄ ရက်နေ့မှာ ဖမ်းဆီးထားတယ်လို့ လူဝင်မှုကြီးကြပ်ရေး ဌာနက ပြောပါတယ်။ လူဝင်မှုကြီးကြပ်ရေး ဌာနက ရေဟန် အလုပ်လုပ်ခွင့် ပါမစ်ကို ပြန်သိမ်းပြီး ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံသားကို ပြည်နှင်ဒဏ် ပေးမှာဖြစ်ပြီး အမည်ပျက်စာရင်းသွင်းကာ မလေးရှားကို ပြည်ဝင်ခွင့် တစ်သက်လုံး ပိတ်မှာ ဖြစ်တယ်လို့ လူဝင်မှုကြီးကြပ်ရေး အထွေထွေ ညွှန်ကြားရေးမှူး ခိုင်ရူလ် ဒဇိုင်မီ ဒါအွတ်က ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ကာလအတွင်း အထောက်အထားမရှိတဲ့ ရွှေ့ပြောင်းလုပ်သားတွေအကြောင်းကို အယ်လ်ဂျာဇီးယားက “Locked Up in Malaysia’s Lockdown” အမည်နဲ့ မှတ်တမ်းရုပ်ရှင် ရိုက်ကူးထားတာပါ။ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကာလအတွင်း lockdown တင်းကျပ်စွာ ချထားတဲ့ ကွာလာလမ်ပူမြို့ဧရိယာအတွင်း ရှာဖွေဖမ်းဆီးမှုမှာ ရွှေ့ပြောင်းလုပ်သား ၂ ထောင်ကျော် အဖမ်းခံခဲ့ရပါတယ်။

အဖမ်းမခံရခင် ရေဟန်က WahtsApp ကနေ သူ မလိမ်ကြောင်း၊ ရွှေ့ပြောင်းလုပ်သားတွေအပေါ် ခွဲခြားဆက်ဆံမှုကိုသာ သူပြောခဲ့တာ ဖြစ်ကြောင်း၊ ရွှေ့ပြောင်းဝင်ရောက်သူ အားလုံးနဲ့ ဘင်္ဂလားဒေ့ရှ်သားတွေ သူနဲ့အတူ ရပ်တည်မယ်လို့ ယုံကြည်ကြောင်း ရေးတင်ခဲ့ပါတယ်။

ဒါ့အပြင် အယ်လ်ဂျာဇီးယား သတင်းထောက်နဲ့ ဝန်ထမ်းအုပ်စုလည်း နောက်ထပ် အရေးယူမှုအတွက် သူတို့ ရှာဖွေတွေ့ရှိချက်တွေကို အစိုးရရှေ့နေတွေထံ တင်သွင်းရမယ်လို့ မလေးရှားရဲက ပြောပါတယ်။ အယ်လ်ဂျာဇီးယား သတင်းဌာနဟာ မှတ်တမ်းရုပ်ရှင် မရိုက်ခင် လိုင်စင်လျှောက်ထားဖို့လည်း ပျက်ကွက်တယ်လို့ မလေးရှား အာဏာပိုင်တွေက ပြောထားပြီး သတင်းဌာနကတော့ သူတို့က လိုင်စင် မလိုဘူးလို့ ပြောပါတယ်။

အယ်လ်ဂျာဇီးယား သတင်းဌာနက ခြိမ်းခြောက်မှု မရှိဘဲ သတင်းရယူခွင့်ကို တောင်းဆိုထားပြီး မလေးရှား အစိုးရကိုလည်း ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေကို ရုပ်သိမ်းဖို့ တိုက်တွန်းထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)