နယ်စပ်ကနေ တပ်တွေ လုံးဝ ဆုတ်ခွာဖို့ အိန္ဒိယနဲ့ တရုတ် သဘောတူ

0
169

တင်းမာမှုတွေ လျှော့ချဖို့ နှစ်ဖက်တပ်တွေ ရင်ဆိုင်နေတဲ့ လာဒက် နယ်စပ်ဒေသကနေ တပ်တွေ လုံးဝ ဆုတ်ခွာဖို့ အိန္ဒိယနဲ့ တရုတ် တို့က ဆုံးဖြတ်လိုက်ပါတယ်။

ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး အပြည့်အဝ ပြန်လည်ရရှိဖို့ဟာ နှစ်နိုင်ငံဆက်ဆံရေး တိုးတက်ဖို့ အဓိက သော့ချက်ဖြစ်တယ်လို့ အိန္ဒိယနဲ့ တရုတ် နှစ်နိုင်ငံစလုံးက ပြောပါတယ်။

နှစ်နိုင်ငံက အထူးကိုယ်စားလှယ်တွေ တယ်လီဖုန်းနဲ့ ဇူလိုင်လ ၅ ရက်နေ့က ဆွေးနွေးပြောဆိုပြီး နောက်ပိုင်း ပဋိပက္ခကို ငြိမ်းချမ်းစွာဖြေရှင်းဖို့ သဘောတူညီချက် ရခဲ့တာဖြစ်တယ်လို့ အိန္ဒိယနိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။ သဘောတူညီချက်ကို စစ်မှန်စွာ အကောင်အထည်ဖော်ဖို့ လိုကြောင်း နှစ်ဖက်စလုံးက သဘောတူကြပါတယ်။

နယ်စပ်အခြေအနေနဲ့ ပတ်သက်ပြီး အမြင်တွေကို နှစ်ဖက်စလုံးက ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း၊ အခုလို သဘောတူညီချက်ကို မြေပြင် ရှေ့တန်းရှိ တပ်မှူးတွေထံ ရောက်ရှိကြောင်းလည်း အပြည့်အဝ သေချာအောင် လုပ်ဆောင်ထားကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။


__________________

__________________

နယျစပျကနေ တပျတှေ လုံးဝ ဆုတျခှာဖို့ အိန်ဒိယနဲ့ တရုတျ သဘောတူ

တင်းမာမှုတွေ လျှော့ချဖို့ နှစ်ဖက်တပ်တွေ ရင်ဆိုင်နေတဲ့ လာဒက် နယ်စပ်ဒေသကနေ တပ်တွေ လုံးဝ ဆုတ်ခွာဖို့ အိန္ဒိယနဲ့ တရုတ် တို့က ဆုံးဖြတ်လိုက်ပါတယ်။

ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး အပြည့်အဝ ပြန်လည်ရရှိဖို့ဟာ နှစ်နိုင်ငံဆက်ဆံရေး တိုးတက်ဖို့ အဓိက သော့ချက်ဖြစ်တယ်လို့ အိန္ဒိယနဲ့ တရုတ် နှစ်နိုင်ငံစလုံးက ပြောပါတယ်။

နှစ်နိုင်ငံက အထူးကိုယ်စားလှယ်တွေ တယ်လီဖုန်းနဲ့ ဇူလိုင်လ ၅ ရက်နေ့က ဆွေးနွေးပြောဆိုပြီး နောက်ပိုင်း ပဋိပက္ခကို ငြိမ်းချမ်းစွာဖြေရှင်းဖို့ သဘောတူညီချက် ရခဲ့တာဖြစ်တယ်လို့ အိန္ဒိယနိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။ သဘောတူညီချက်ကို စစ်မှန်စွာ အကောင်အထည်ဖော်ဖို့ လိုကြောင်း နှစ်ဖက်စလုံးက သဘောတူကြပါတယ်။

နယ်စပ်အခြေအနေနဲ့ ပတ်သက်ပြီး အမြင်တွေကို နှစ်ဖက်စလုံးက ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း၊ အခုလို သဘောတူညီချက်ကို မြေပြင် ရှေ့တန်းရှိ တပ်မှူးတွေထံ ရောက်ရှိကြောင်းလည်း အပြည့်အဝ သေချာအောင် လုပ်ဆောင်ထားကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။

အိန္ဒိယ-တရုတ် နယ်စပ်ဒေသ၊ လာဒက်မှာ နယ်စပ်ဆောက်လုပ်ရေး စီမံကိန်းတွေအပေါ် တရုတ်က ကန့်ကွက်ရာကနေ ပြီးခဲ့တဲ့ ဇွန်လအတွင်း တရုတ်စစ်တပ်က အိန္ဒိယ စစ်သားတွေကို သံဆူးကြိုးတပ် တုတ်တွေနဲ့ ရိုက်နှက်လို့ အိန္ဒိယစစ်သား ၂၀ သေဆုံးပြီးနောက် အိန္ဒိယနဲ့ တရုတ် နိုင်ငံရေး တင်းမာခဲ့ကာ အိန္ဒိယ ပြည်တွင်းမှာ တရုတ်ကုန်စည်တွေကို သပိတ်မှောက်ဖို့ လှုံ့ဆော်မှုတွေ ဖြစ်ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)