ဂရိ ေတာမီးေလာင္ကၽြမ္းမႈ  ေသဆံုးသူ ၇၄ ဦးအထိ ျမင့္တက္လာ

0
193

ဂရိႏုိင္ငံမွာ ျဖစ္ေပၚတဲ့ ေတာမီးေလာင္ကၽြမ္းမႈေၾကာင့္ ေသဆံုးသူ အနည္းဆံုး ၇၄ ဦး အထိ ျမင့္တက္္လာေနေၾကာင္း သတင္းေတြက ေဖာ္ျပပါတယ္။

ေတာမီးရဲ႕ မီးေတာက္ေတြေၾကာင့္ လူေတြဟာ ပင္လယ္အတြင္းကို ဆင္းေျပးရမႈေတြ ရွိေနပါတယ္။  ေတာမီးေလာင္ကၽြမ္းမႈေၾကာင့္ ေသဆံုးရသူေတြထဲမွာ ကေလးငယ္ ၂၆ ဦး ပါဝင္ခဲ့ၿပီး အဲဒီ ႐ုပ္အေလာင္းေတြကို ပင္လယ္နားမွာ ေတြရွိခဲ့ပါတယ္။ ေပ်ာက္ဆံုးေနသူေတြကို ဆက္လက္ ရွာေဖြေနၿပီး ဝက္ဘ္ဆိုက္ကတဆင့္ ေပ်ာက္ဆံုးေနသူေတြရဲ႕ သဲလြန္စ ရႏိုင္ဖုိ႔ ေဆြးမ်ိဳးေတြကို အကူညီေတာင္းခံထားပါတယ္။

ရာနဲ႔ခ်ီတဲ့ မီးသတ္သမားေတြက ေတာမီးကို ၿငိွမ္းႏိုင္ေအာင္ အစြမ္းကုန္ လုပ္ေဆာင္ေနေပမယ့္ တစ္နာရီ ေလတုိက္ႏႈန္း ၁၀၀ ကီလိုမီတာ ရွိတာေၾကာင့္ မီးပ်ံ႕ႏွံမႈေတြ ျဖစ္ေနရၿပီး ပင္လယ္အနီးရွိ မာတီရြာေလးဟာ ရြာလံုးကြ်တ္ မီးေလာင္ကၽြမ္းခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>

ဂရိ တောမီးလောင်ကျွမ်းမှု သေဆုံးသူ ၇၄ ဦးအထိ မြင့်တက်လာ

ဂရိနိုင်ငံမှာ ဖြစ်ပေါ်တဲ့ တောမီးလောင်ကျွမ်းမှုကြောင့် သေဆုံးသူ အနည်းဆုံး ၇၄ ဦး အထိ မြင့်တက်လာနေကြောင်း သတင်းတွေက ဖော်ပြပါတယ်။

တောမီးရဲ့ မီးတောက်တွေကြောင့် လူတွေဟာ ပင်လယ်အတွင်းကို ဆင်းပြေးရမှုတွေ ရှိနေပါတယ်။ တောမီးလောင်ကျွမ်းမှုကြောင့် သေဆုံးရသူတွေထဲမှာ ကလေးငယ် ၂၆ ဦး ပါဝင်ခဲ့ပြီး အဲဒီ ရုပ်အလောင်းတွေကို ပင်လယ်နားမှာ တွေရှိခဲ့ပါတယ်။ ပျောက်ဆုံးနေသူတွေကို ဆက်လက် ရှာဖွေနေပြီး ဝက်ဘ်ဆိုက်ကတဆင့် ပျောက်ဆုံးနေသူတွေရဲ့ သဲလွန်စ ရနိုင်ဖို့ ဆွေးမျိုးတွေကို အကူညီတောင်းခံထားပါတယ်။

ရာနဲ့ချီတဲ့ မီးသတ်သမားတွေက တောမီးကို ငြှိမ်းနိုင်အောင် အစွမ်းကုန် လုပ်ဆောင်နေပေမယ့် တစ်နာရီ လေတိုက်နှုန်း ၁၀ဝ ကီလိုမီတာ ရှိတာကြောင့် မီးပျံ့နှံမှုတွေ ဖြစ်နေရပြီး ပင်လယ်အနီးရှိ မာတီရွာလေးဟာ ရွာလုံးကျွတ် မီးလောင်ကျွမ်းခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)