
0
349




>>>>>>>>>>>>>>>>>>>>

မယ်လ်ကွန်ကို ယူရို ၄၂ သန်းနဲ့ခေါ်ဖို့ ဘာစီလိုနာ သဘောတူညီမှုရ

ဘာစီလိုနာအသင်းဟာ ကစားသမားသစ်ခေါ်ယူဖို့ ကြိုးပမ်းနေရာ ပြင်သစ်ကလပ် ဘိုးဒေါ့အသင်းက ကွင်းလယ်လူ မယ်လ်ကွန်ကို ပြောင်းရွှေ့ကြေး ယူရို ၄၂ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိသွားခဲ့ပြီ ဖြစ်ပါတယ်။

ဘာစီလိုနာဟာ မယ်လ်ကွန်ကို ၅ နှစ်သက်တမ်းရှိ စာချုပ်တစ်ရပ် ချုပ်ဆိုသွားမှာ ဖြစ်ပါတယ်။ မယ်လ်ကွန်ဟာ ဘာစီလိုနာနဲ့ ဆေးစစ်မှုတွေ လုပ်သွားပြီးနောက် ဘာစီလိုနာ နဲ့ အပြီးသတ် စာချုပ်လက်မှတ်ရေးထိုးမှာ ဖြစ်ပါတယ်။

မယ်လ်ကွန်ဟာ ရိုးမားအသင်းကို ပြောင်းဖို့ နီးစပ်ခဲ့ပြီးမှ ဘာစီလိုနာအသင်းက ကြားဖြတ်လက်ဦးမှုယူ ခေါ်ယူသွားခဲ့တာ ဖြစ်ပါတယ်။

https://www.mcntv.biz/wp-content/uploads/2020/08/Gads12-09.jpg (Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)