အိန္ဒိယက တရုတ်သွင်းကုန်တွေကို အရည်အသွေး တင်းကျပ်တာ၊ အခွန် တိုးမြှင့်တာတွေ လုပ်မယ်

0
262

နယ်စပ်အရေးကြောင့် အိန္ဒိယနဲ့ တရုတ်တို့ တင်းမာမှုတွေ ဖြစ်နေကြပြီး အိန္ဒိယက တရုတ်နိုင်ငံကနေ သွင်းလာတဲ့ ကုန်စည်တွေကို အရည်အသွင်း တင်းကျပ်တာ၊ အခွန်တိုးမြှင့်တာတွေ လုပ်ဆောင်ဖို့ အစီအစဉ် ရှိတယ်လို့ ပြောဆိုလိုက်ပါတယ်။

ပြည်တွင်းမှာ ထုတ်လုပ်နေနိုင်တာတွေကို ပြည်ပကနေ တင်သွင်းမှု မရှိစေရေးအတွက် အနည်းဆုံး ထုတ်ကုန် ၃၇၀ ကို အိန္ဒိယ စံနှုန်းသတ်မှတ်ရေး ဗြူရိုက နောက်ဆုံးအဆင့် စိစစ်နေပါတယ်။ အခုလို ပြည်တွင်းမှာ ထုတ်နိုင်တာတွေကို ပြည်ပက မတင်သွင်းရေး စိစစ်တဲ့အထဲမှာ ဓာတုပစ္စည်းတွေ၊ သံမဏိ၊ လျှပ်စစ်ပစ္စည်းတွေ၊ အကြီးစား ယန္တရားတွေ၊ ပရိဘောဂ၊ စာရွက်စက္ကူ၊ စက်ရုံသုံး ယန္တရားတွေ၊ ရာဘာထုတ်ကုန်တွေ၊ မှန်၊ သံထည်ပစ္စည်းတွေ၊ ဆေးဝါး၊ မြေသြဇာနဲ့ ပလတ်စတစ် အရုပ်တွေအထိ ပါဝင်ပါတယ်။

ဒါ့အပြင် တရုတ်နိုင်ငံကနေ တင်သွင်းမယ့် ပရိဘေဂ၊ လေအေးပေးစက် ကွန်ပရက်ဆာ၊ ကားအပိုပစ္စည်းတွေ အပေါ်လည်း အခွန်တိုးမြှင့်ဖို့ အိန္ဒိယ တာဝန်ရှိသူတွေက ဆွေးနွေးနေပါတယ်။ အခုလို တင်းကျပ် ကန့်သတ်မယ့်ကိစ္စတွေကို ဘဏ္ဍာရေး ဝန်ကြီးဌာနက စိစစ်အကဲဖြတ်နေပြီး အစိုးရက အတည်ပြုပေးမှာ ဖြစ်ပါတယ်။

အိန္ဒိယ ကုန်သွယ်ရေး ဝန်ကြီးဌာနကတော့ တရုတ်သွင်းကုန် ပစ္စည်းတွေကို အခွန်တိုးကောက်ရာမှာ ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ (WTO) ရဲ့ စည်းမျဉ်းစည်းကမ်းတွေ ချိုးဖောက်ရာ မရောက်အောင် သုံးသပ်နေပါတယ်။


____________________

____________________


နယ်စပ်အရေးကြောင့် အိန္ဒိယနဲ့ တရုတ်တို့ တင်းမာမှုတွေ ဖြစ်နေကြပြီး အိန္ဒိယက တရုတ်နိုင်ငံကနေ သွင်းလာတဲ့ ကုန်စည်တွေကို အရည်အသွင်း တင်းကျပ်တာ၊ အခွန်တိုးမြှင့်တာတွေ လုပ်ဆောင်ဖို့ အစီအစဉ် ရှိတယ်လို့ ပြောဆိုလိုက်ပါတယ်။

ပြည်တွင်းမှာ ထုတ်လုပ်နေနိုင်တာတွေကို ပြည်ပကနေ တင်သွင်းမှု မရှိစေရေးအတွက် အနည်းဆုံး ထုတ်ကုန် ၃၇၀ ကို အိန္ဒိယ စံနှုန်းသတ်မှတ်ရေး ဗြူရိုက နောက်ဆုံးအဆင့် စိစစ်နေပါတယ်။ အခုလို ပြည်တွင်းမှာ ထုတ်နိုင်တာတွေကို ပြည်ပက မတင်သွင်းရေး စိစစ်တဲ့အထဲမှာ ဓာတုပစ္စည်းတွေ၊ သံမဏိ၊ လျှပ်စစ်ပစ္စည်းတွေ၊ အကြီးစား ယန္တရားတွေ၊ ပရိဘောဂ၊ စာရွက်စက္ကူ၊ စက်ရုံသုံး ယန္တရားတွေ၊ ရာဘာထုတ်ကုန်တွေ၊ မှန်၊ သံထည်ပစ္စည်းတွေ၊ ဆေးဝါး၊ မြေသြဇာနဲ့ ပလတ်စတစ် အရုပ်တွေအထိ ပါဝင်ပါတယ်။

ဒါ့အပြင် တရုတ်နိုင်ငံကနေ တင်သွင်းမယ့် ပရိဘေဂ၊ လေအေးပေးစက် ကွန်ပရက်ဆာ၊ ကားအပိုပစ္စည်းတွေ အပေါ်လည်း အခွန်တိုးမြှင့်ဖို့ အိန္ဒိယ တာဝန်ရှိသူတွေက ဆွေးနွေးနေပါတယ်။ အခုလို တင်းကျပ် ကန့်သတ်မယ့်ကိစ္စတွေကို ဘဏ္ဍာရေး ဝန်ကြီးဌာနက စိစစ်အကဲဖြတ်နေပြီး အစိုးရက အတည်ပြုပေးမှာ ဖြစ်ပါတယ်။

အိန္ဒိယ ကုန်သွယ်ရေး ဝန်ကြီးဌာနကတော့ တရုတ်သွင်းကုန် ပစ္စည်းတွေကို အခွန်တိုးကောက်ရာမှာ ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ (WTO) ရဲ့ စည်းမျဉ်းစည်းကမ်းတွေ ချိုးဖောက်ရာ မရောက်အောင် သုံးသပ်နေပါတယ်။

အိန္ဒိယ-တရုတ် နယ်စပ်ဒေသ၊ လာဒက်မှာ နယ်စပ်ဆောက်လုပ်ရေး စီမံကိန်းတွေအပေါ် တရုတ်က ကန့်ကွက်ရာကနေ တရုတ်စစ်တပ်က အိန္ဒိယ စစ်သားတွေကို သံဆူးကြိုးတပ် တုတ်တွေနဲ့ ရိုက်နှက်လို့ အိန္ဒိယစစ်သား ၂၀ သေဆုံးပြီးနောက် အိန္ဒိယနဲ့ တရုတ် နိုင်ငံရေး တင်းမာနေပါတယ်။ အိန္ဒိယ ပြည်တွင်းမှာ တရုတ်ကုန်စည်တွေကို သပိတ်မှောက်ဖို့ လှုံ့ဆော်မှုတွေ လုပ်နေကြပါတယ်။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)