ဗစ်တိုးရီးယားပြည်နယ်မှာ တစ်ရက်တည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၃၃ ဦးအထိ တွေ့

0
172

သြစတြေးလျနိုင်ငံ၊ ဗစ်တိုးရီးယားပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ပြန်လည်တွေ့ရှိပြီး ကိုးရက်မြောက်နေ့မှာ ဗိုင်းရပ်စ်ကူးစက်တဲ့ လူနာသစ် ၃၃ အထိ စံချိန်တင်တွေ့ရှိခဲ့ပြီး တစ်ဦး သေဆုံးခဲ့ပါတယ်။

အခု ဗစ်တိုးရီးယား ပြည်နယ်အတွင်း အသစ်တွေ့ရှိရသူတွေထဲမှာ ဟိုတယ်မှာ quarantine နေသူ ခုနစ်ဦး၊ ကူးစက်မှု ဖြစ်ပွားတဲ့နေရာမှာ နေထိုင်သူ ကိုးဦး၊ စမ်းသပ်စစ်ဆေးနေဆဲ သူတွေထဲကနေ ခြောက်ဦး၊ တခြား ၁၁ ဦးရဲ့ ရောဂါရာဇဝင်ကိုတော့ စုံစမ်းနေဆဲ ဖြစ်ပါတယ်။

အခု COVID-19 ရောဂါ ဖြစ်ပွားတဲ့အထဲမှာ မဲလ်ဘုန်းမြို့ရှိ မိသားစုတစ်စုက အစ္စလမ် အစ်နေ့ ကျင်းပရာကနေ ကူးစက်လာခဲ့တဲ့ ကွင်းဆက်တွေလည်း ပါဝင်ပါတယ်။ နောက်ကူးစက်မှုတွေကတော့ ကီလာဒေါင်းစ် အနောက်မြောက်မှာ မိသားစု စုဝေးမှုကနေ စတင်တဲ့ ကူးစက်မှုပါ။ ဒါကြောင့် မိသားစုဝင် အများအပြား စုဝေးခြင်းကလည်း ကိုရိုနာဗိုင်းရပ်စ်ကို အကြီးအကျယ် ပြန့်နှံ့စေကြောင်း သတိပေးထားပါတယ်။

သြစတြေးလျ ကာကွယ်ရေးတပ်ဖွဲ့က COVID-19 ကြောင့် ဗစ်တိုးရီးယား ပြည်နယ်မှာ စံချိန်တင် သေဆုံးမှု ဖြစ်ပြီးနောက် အကူအညီပေးဖို့အတွက် တပ်ဖွဲ့ဝင် ၁၀၀၀ ကျော်ကို ပို့ဆောင်ထားပါတယ်။ ဗစ်တိုးရီးယားပြည်နယ်မှာ အသက် ၈၀ အရွယ် အမျိုးသားတစ်ဦး သေဆုံးပြီးနောက် သြစတြေးလျမှာ သေဆုံးသူ စုစုပေါင်း ၁၀၃ ဦး ရှိလာပါတယ်။

မဲလဘြုနြးကို ပို့ဆောငထြားတဲ့ စဈတပအြရာရှိတှကတေော့ ကိုရိုနာဗိုငြးရပဈြ ကူးစကမြှု စမြးသပစြဈဆေးရာမှာ အကူအညီပေးမှာ ဖှဈသလို ဒသတှေငြး သယယြူပို့ဆောငရြေး၊ ဓာတခြှဲနယူနာ သယပြို့ရေးနဲ့ ဟိုတယြ quarantine ဝငမြယ့သြူတှကေို ပို့ဆောငရြေးတှေ တာဝနယြူ လုပဆြောငပြေးမှာ ဖှဈပါတယြ။

___________________

___________________

ဗဈတိုးရီးယားပွညျနယျမှာ တဈရကျတညျး ကိုရိုနာဗိုငျးရပျဈ ကူးစကျသူ ၃၃ ဦးအထိ တှေ့

သြစတြေးလျနိုင်ငံ၊ ဗစ်တိုးရီးယားပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ပြန်လည်တွေ့ရှိပြီး ကိုးရက်မြောက်နေ့မှာ ဗိုင်းရပ်စ်ကူးစက်တဲ့ လူနာသစ် ၃၃ အထိ စံချိန်တင်တွေ့ရှိခဲ့ပြီး တစ်ဦး သေဆုံးခဲ့ပါတယ်။

အခု ဗစ်တိုးရီးယား ပြည်နယ်အတွင်း အသစ်တွေ့ရှိရသူတွေထဲမှာ ဟိုတယ်မှာ quarantine နေသူ ခုနစ်ဦး၊ ကူးစက်မှု ဖြစ်ပွားတဲ့နေရာမှာ နေထိုင်သူ ကိုးဦး၊ စမ်းသပ်စစ်ဆေးနေဆဲ သူတွေထဲကနေ ခြောက်ဦး၊ တခြား ၁၁ ဦးရဲ့ ရောဂါရာဇဝင်ကိုတော့ စုံစမ်းနေဆဲ ဖြစ်ပါတယ်။

အခု COVID-19 ရောဂါ ဖြစ်ပွားတဲ့အထဲမှာ မဲလ်ဘုန်းမြို့ရှိ မိသားစုတစ်စုက အစ္စလမ် အစ်နေ့ ကျင်းပရာကနေ ကူးစက်လာခဲ့တဲ့ ကွင်းဆက်တွေလည်း ပါဝင်ပါတယ်။ နောက်ကူးစက်မှုတွေကတော့ ကီလာဒေါင်းစ် အနောက်မြောက်မှာ မိသားစု စုဝေးမှုကနေ စတင်တဲ့ ကူးစက်မှုပါ။ ဒါကြောင့် မိသားစုဝင် အများအပြား စုဝေးခြင်းကလည်း ကိုရိုနာဗိုင်းရပ်စ်ကို အကြီးအကျယ် ပြန့်နှံ့စေကြောင်း သတိပေးထားပါတယ်။

သြစတြေးလျ ကာကွယ်ရေးတပ်ဖွဲ့က COVID-19 ကြောင့် ဗစ်တိုးရီးယား ပြည်နယ်မှာ စံချိန်တင် သေဆုံးမှု ဖြစ်ပြီးနောက် အကူအညီပေးဖို့အတွက် တပ်ဖွဲ့ဝင် ၁၀၀၀ ကျော်ကို ပို့ဆောင်ထားပါတယ်။ ဗစ်တိုးရီးယားပြည်နယ်မှာ အသက် ၈၀ အရွယ် အမျိုးသားတစ်ဦး သေဆုံးပြီးနောက် သြစတြေးလျမှာ သေဆုံးသူ စုစုပေါင်း ၁၀၃ ဦး ရှိလာပါတယ်။

မဲလ်ဘုန်းကို ပို့ဆောင်ထားတဲ့ စစ်တပ်အရာရှိတွေကတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု စမ်းသပ်စစ်ဆေးရာမှာ အကူအညီပေးမှာ ဖြစ်သလို ဒေသတွင်း သယ်ယူပို့ဆောင်ရေး၊ ဓာတ်ခွဲနယူနာ သယ်ပို့ရေးနဲ့ ဟိုတယ် quarantine ဝင်မယ့်သူတွေကို ပို့ဆောင်ရေးတွေ တာဝန်ယူ လုပ်ဆောင်ပေးမှာ ဖြစ်ပါတယ်။ 

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)