တောင်တရုတ်ပင်လယ်က ကျွန်းအတုအနီးကို အမေရိကန် စစ်သင်္ဘော ခုတ်မောင်း

0
252

တောင်တရုတ်ပင်လယ်အတွင်းက တရုတ်အစိုးရတည်ဆောက်ထားတဲ့ ကျွန်းအတုအနီးကို အမေရိကန် စစ်သင်္ဘောခုတ်မောင်းခဲ့ကြောင်း
သိရှိရပါတယ်။

ဒီလုပ်ဆောင်ချက်ဟာ အဆိုပါရေပိုင်နက်ကို မိမိတို့ပိုင်ဆိုင်ကြောင်း ကြွေးကြော်နေတဲ့ တရုတ်အစိုးရကို အမေရိကန်သမ္မတ ထရန့်က ပထမဆုံးအကြိမ် စိန်ခေါ်လိုက်တာလို့လည်း ယူစစရာရှိပါတယ်။

ရေပိုင်နက်အငြင်းပွားနေတဲ့ သန္တာကျောက်တန်းအနီး ရေမိုင် ၁၂ မိုင်အထိ အမေရိကန်စစ်သင်္ဘောက ချဉ်းကပ်ခဲ့ကြောင်း အမေရိ ကန်မီဒီယာတွေက အမည်မဖော်ပြတဲ့ သတင်းအရင်းအမြစ်ကို ကိုးကားပြီး ဖော်ပြခဲ့ပါတယ်။

အဆိုပါသန္တာကျောက်တန်းအပါအ၀င် တောင်တရုတ်ပင်လယ်တစ်ခုလုံးနီးနီးကို ဘေဂျင်းအစိုးရက တရုတ်နိုင်ငံအပိုင် နယ်နိမိတ် ဖြစ်ကြောင်း ကြွေးကြော်ထားပါတယ်။

အမေရိကန်နိုင်ငံကတော့ နိုင်ငံတကာရေပိုင်နက်အတွင်းမှာ မိမိတို့အနေနဲ့ စိတ်ကြိုတ်ခုတ်မောင်း လုပ်ဆောင်နိုင်ကြောင်း ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် နယ်နိမိတ်အငြင်းပွားမှုမှာ အမေရိကန်နိုင်ငံအနေနဲ့ ဘယ်ဘက်ကမှ မရပ်တည်ကြောင်းနဲ့ အခုလို စစ်သင်္ဘောတွေ၊ လေယာဉ်တွေ စေလွှတ်မှုဟာ လွတ်လပ်စွာ သွားလာခုတ်မောင်းနိုင်ခွင့် မူဝါဒအရဖြစ်ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

မဟာဗျူဟာကျတဲ့ရေပြင်မှာ လွတ်လပ်စွာသွားလာခွင့်ကို ကန့်သတ်နိုင်ဖို့ ဘေဂျင်းအစိုးရက ကြိုးစားနေတာဖြစ်ကြောင်းလည်း အမေရိကန်အစိုးရက စွပ်စွဲပြောဆိုခဲ့ပါတယ်။

တောင်တရုတ်ပင်လယ်မှာ စစ်ရေးပြင်ဆင်မှုတွေ ပြုလုပ်နေကြောင်း တရုတ်နဲ့အမေရိကန်နိုင်ငံတို့ဟာ အပြန်အလှန်စွပ်စွဲပြောဆို နေပါတယ်။ အဲဒီဧရိယာမှာ စစ်မက်ဖြစ်ပွားခဲ့မယ်ဆိုရင် ကမ္ဘာလုံးဆိုင်ရာအကျိုးဆက်တွေ ဖြစ်စေနိုင်တာကြောင့် စိုးရိမ်မကင်း ဖြစ်နေမှုတွေလည်း ဖြစ်ပေါ်နေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)