မန်ချက်စတာ အသေခံ ဗုံးခွဲသူရဲ့ ဖခင်နဲ့ ညီကိုလည်း ဖမ်းဆီး

0
326

၂၂ ဦးသေပြီး ၅၉ ဦး ဒဏ်ရာရစေခဲ့တဲ့ မန်ချက်စတာ အသေခံဗုံးခွဲသူရဲ့ ဖခင်နဲ့ ညီဖြစ်သူဟာ လစ်ဗျားနိုင်ငံ ထရီပိုလီမှာ နေထိုင်တာ ဖြစ်ပြီး လစ်ဗျား အကြမ်းဖက်မှု တုံ့ပြန်ရေး အရာရှိတွေက သူတို့ကို ဖမ်းဆီးလိုက်ပါတယ်။

အသေခံဗုံးခွဲသူ ဆယ်လ်မန် အဘီဒီရဲ့ညီ ဟာရှင် အဘီဒီ

အသေခံ ဗုံးခွဲသူ ဆယ်လ်မန် အဘီဒီရဲ့ ဖခင် ရာမာဒန် အဘီဒီနဲ့ အသက် ၁၈ နှစ်အရွယ် ညီဖြစ်သူ ဟာရှင် အဘီဒီကို ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။ ဟာရှင် အဘီဒီက သူတို့ ညီအစ်ကို နှစ်ဦးဟာ IS အကြမ်းဖက်အဖွဲ့နဲ့ ပတ်သက်တယ်လို့ ဝန်ခံထားပါတယ်။

သူတို့ နှစ်ယောက်ဟာ IS နဲ့ ပတ်သက်နေတယ်၊ ဟာရှင် နောက်ကို ၁ လခွဲကြာ နောက်ယောင်ခံ လိုက်ခဲ့ပါတယ်၊ ဗုံးခွဲမယ့်ကိစ္စကို ဟာရှင် သိပါတယ်လို့ လစ်ဗျား ပြောရေးဆိုခွင့်ရှိသူ အာမက် ဘင် ဆယ်လင်က ပြောပါတယ်။

ဒါပေမယ့် သူတို့ ဖခင်ဖြစ်သူ ရာမာဒန် အဘီဒီကတော့ သူ့သာ ဆယ်လ်မန် အဘီဒီဟာ ဗုံးကွဲမှုနဲ့ မဆိုင်ဘူးလို့ အဖမ်းမခံရခင် AP နဲ့ အင်တာဗျူးမှာ ငြင်းဆိုပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)