လုပ်ကြံမခံရမီ ကင်မ်ဂျုံနမ် အမေရိကန် ထောက်လှမ်းရေးနဲ့ တွေ့ဆုံခဲ့

0
272

 

မြောက်ကိုရီးယား အာဏာရှင် ကင်မ်ဂျုံအန်းရဲ့ အစ်ကိုဝမ်းကွဲ ကင်မ်ဂျုံနမ်ဟာ လုပ်ကြံမခံရမီ ရက်အနည်းငယ် အလိုက အမေရိကန် ထောက်လှမ်းရေးနဲ့ တွေ့ဆုံခဲ့တယ်လို့ မလေးရှားရဲတွေက ပြောပါတယ်။

လန်ကာဝီမှာ တွေ့ဆုံခဲ့ကြမှုဟာ ကင်မ်ဂျုံနမ် လုပ်ကြံခံရတဲ့ နောက်ကွယ်က အကြောင်းရင်တစ်ခု ဖြစ်နိုင်တယ်လို့ မလေးရှား စုံစမ်းရေး အာဏာပိုင်တွေက ခန့်မှန်းနေကြပါတယ်။

ကင်မ်ဂျုံနမ်ဟာ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူ နိုင်ငံတကာ လေဆိပ်မှာ အမျိုးသမီးနှစ်ဦးက ပြင်းထန်တဲ့ ဓာတုအဆိပ်ရည်နဲ့ မျက်နှာကို ပက်ပြီး ဖေဖော်ဝါရီလ ၁၃ ရက်နေ့က လုပ်ကြံခံခဲ့ရတာ ဖြစ်ပါတယ်။

ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ ကွာလာလမ်ပူကို ကင်မ်ဂျုံနမ် ရောက်ရှိလာပြီး နောက်တစ်နေ့မှာ မလေးရှား မြောက်ပိုင်း လန်ကာဝီကျွန်းပေါ်က ဟိုတယ်တစ်ခုကို လျှို့ဝှက်စွာ သွားရောက်ခဲ့တာကို မလေးရှား စုံစမ်းစစ်ဆေးရေး သမားတွေက တွေ့ရှိခဲ့ပါတယ်။

လန်ကာဝီက ဟိုတယ်ရဲ့ CCTV ကင်မရာ မှတ်တမ်းတွေအရ ကင်မ်ဂျုံနမ်ဟာ ဘန်ကောက်အခြေစိုက် သက်လတ်ပိုင်း ကိုရီးယား-အမေရိကန်လူမျိုး အမေရိကန် ထောက်လှမ်းရေးနဲ့ ဖေဖော်ဝါရီလ ၉ ရက်နေ့က တွေ့ဆုံခဲ့ကြောင်း သိရှိခဲ့ကြပါတယ်။ ဟိုတယ်မှာ ၂ နာရီလောက် တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။

သူတို့ နှစ်ယောက်ဟာ မလေးရှားမှာ အကြိမ်များစွာ တွေ့ဆုံခဲ့ကြတယ်လို့ ယုံကြည်ကြောင်း မလေးရှားရဲက ပြောပါတယ်။

ကင်မ်ဂျုံနမ်ရဲ့ လက်ပ်တော့ ကွန်ပြူတာမှာ မင်မိုရီစတစ်ကို စိုက်လျက်သား တွေ့ရပြီး သူဟာ သတင်းအချက်အလက်ပေါင်း များစွာကို အမေရိကန် ထောက်လှမ်းရေးကို ပေးလိုက်တယ်လို့ ယူဆရပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)