မန်ချက်စတာ ဗုံးကွဲမှု လူမှုကွန်ရက်မှာ ကော်မန့်ရေးတဲ့ ဆယ်ကျော်သက် အဖမ်းခံရ

0
302

မြောက် အိုင်ယာလန်က ဆယ်ကျော်သက် တစ်ဦးဟာ မန်ချက်စတာ ဗုံးကွဲမှုနဲ့ ပတ်သက်ပြီး လူမှုကွန်ရက်မှာ မလျော်မကန် ရေးသားတဲ့အတွက် ဖမ်းဆီးခံလိုက်ရပါတယ်။

ကီဗင် အိုနီးလ် (၁၉ နှစ်) ကို အများပြည်သူသုံး အီလက်ထရွန်းနစ် ဆက်သွယ်ရေး ကွန်ရက်အား မလျော်မကန် သုံးစွဲမှုနဲ့ မေလ ၂၃ ရက်နေ့က ဘဲလ်ဖတ်မြို့မှာ ဖမ်းဆီး အရေးယူလိုက်တာပါ။

သူ ဘာတွေ ကော်မန့်ရေးတင်ခဲ့တယ် ဆိုတာကိုတော့ မီဒီယာတွေမှာ မဖော်ပြထားပါဘူး။ အိုနီးလ်ကို လာမယ့် ဇွန်လ ၁၉ ရက်နေ့မှာ ဘဲလ်ဖတ် တရာရုံးမှာ ရုံးထုတ်မှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)