ဂျကာတာမြို့တော် အသေခံဗုံးပေါက်ခွဲမှု ရဲအရာရှိတွေ သေဆုံး

0
293

အင်ဒိုနီးရှားနိုင်ငံရဲ့မြို့တော် ဂျကာတာမှာ အသေခံဗုံးဖောက်ခွဲမှုလို့ သံသယရှိတဲ့ပေါက်ကွဲမှုကြောင့် အနည်းဆုံး ရဲအရာရှိ သုံးဦး သေဆုံးခဲ့ပြီး လူ ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

ဂျကာတာမြို့တော်အရှေ့ပိုင်း၊ ဘတ်စ်ကားမှတ်တိုင်တစ်ခုအနီးမှာ ငါးမိနစ်ခြားပြီး နှစ်ကြိမ်ဆက်တိုက် ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။
ဗုံးဖောက်ခွဲတယ်လို့ ယူဆရသူနှစ်ဦးစလုံး သေဆုံးသွားခဲ့ပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်န၀ါရီလက စတင်ပြီး အင်ဒိုနီးရှားနိုင်ငံမှာ ဗုံးပေါက်ကွဲမှု အသေးစားတိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီး သေနတ်သမား လေးဦးက လူလေးဦးကို ပစ်ခတ်ပြီး ဗုံးခွဲတိုက်ခိုက်မှုကြောင့် သေဆုံးမှုဖြစ်ပွားခဲ့ပါတယ်။

အဆိုပါတိုက်ခိုက်မှုဟာ မိမိတို့အဖွဲ့ရဲ့လက်ချက်ဖြစ်ကြောင်း အိုင်အက်စ်အဖွဲ့က ပြောဆိုခဲ့ပါတယ်။ ဒါဟာအရှေ့တောင်အာရှမှာ အိုင်အက်စ်အဖွဲ့ရဲ့ ပထမဆုံးအကြိမ်တိုက်ခိုက်မှုဖြစ်ပါတယ်။ မကြားသေခင်ကဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုတွေဟာ အိုင်အက်စ်အုပ်စုနဲ့ ဆက်နွယ်မှုရှိခဲ့ပါတယ်။

ဒါပေမဲ့ တိုက်ခိုက်ဖို့ကြံစည်အကွက်ချမှုတွေကို အာဏာပိုင်တွေက ဖော်ထုတ်နိုင်ခဲ့ပြီး အင်ဒိုနီးရှားမှာရှိတဲ့ စစ်သွေးကြွတွေဟာ ကြီးမားတဲ့ တိုက်ခိုက်မှုပြုလုပ်နိုင်လောက်အောင် အင်အားမရှိသေးဘူးလို့လည်း စောင့်ကြည့်လေ့လာသူတွေက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)