မြန်မာ ၁၅ ဦးကို လူကုန်ကူးမှုနဲ့ မလေးရှား ကားသမား အဖမ်းခံရ

0
257

တရားမဝင် ဝင်ရောက်နေထိုင်တဲ့ မြန်မာ ၁၅ ဦးကို လူကုန်ကူးမှုနဲ့ ကားသမားတစ်ယောက်ကို မလေးရှားရဲက ဖမ်းဆီးလိုက်ပါတယ်။

တစ်ဦးကို မလေးရှား ရင်းဂစ် ၁၂၀ နဲ့ ချန်ဂလန်ကနေ ဆီဘာရန်ပရိုင်ကို Van ကားနဲ့ ပို့ဆောင်ဖို့ မောင်းနှင်လာစဉ် ရဲက ရပ်တန့် စစ်ဆေးရာက တရားမဝင် ရွှေ့ပြောင်းဝင်ရောက်သူ မြန်မာ ၁၅ ဦးကို တွေ့ရှိတာ ဖြစ်ပါတယ်။

အသက် ၁၆ နှစ်ကနေ ၃၀ နှစ်အတွင်းရှိ အမျိုးသမီး ၅ ဦးနဲ့ အမျိုးသား ၁၀ ဦးကို မေလ ၂၂ ရက်နေ့က ကူဘန်ဆီမန်မှာ ဖမ်းဆီးမိတာ ဖြစ်တယ်လို့ ပြည်နယ် စီအိုင်ဒီ အကြီးအကဲ အဆတ် ကွန် ဇေနို ဆာမာက ပြောပါတယ်။

မြန်မာတွေမှာ ခရီးသွား အထောက်အထား စာရွက်စာတမ်းတွေ မရှိပါဘူး။ အသက် ၃၇ နှစ်အရွယ် Van ကားသမားက မြန်မာတွေကို အလုပ်ခွင်ပို့မယ့် ပွဲစားဆီ ပို့ဆောင်ဖို့ ကြိုးစားစဉ် အဖမ်းခံရတာ ဖြစ်ပါတယ်။

ကားသမားကို လူကုန်ကူးမှု ဥပဒေနဲ့ ဖမ်းဆီးထားပြီး ထောင်ဒဏ် ၁၅ နှစ်နဲ့ ငွေဒဏ် ချမှတ်လို့ရတဲ့ ပုဒ်မနဲ့ တရားစွဲထားပါတယ်။ မြန်မာတွေကိုတော့ ခရီးသွား စာရွက်စာတမ်းတွေ ကိစ္စ စစ်မေးဖို့ ထိန်းသိမ်းထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)