ထိုင်းမှာ စစ်ပြန်များရဲ့ Anzac နေ့ အခမ်းအနား ကျင်းပ

0
347

သြစတြေးလျ၊ နယူးဇီလန်နဲ့ တခြား စစ်ပြန်တွေဟာ ထိုင်းနိုင်ငံ၊ ကန်ချနဘူရီ စစ်သင်္ချိုင်းမှာ Anzac နေ့ အထိမ်းအမှတ်အဖြစ် ဒီနေ့ ဧပြီ ၂၅ ရက်နေ့မှာ လာရောက်စုဝေး ဂုဏ်ပြုခဲ့ကြပါတယ်။

၁၉၁၅ ခုနှစ် ဧပြီလ ၂၅ ရက်နေ့မှာ တူရကီနိုင်ငံထဲကို ထောင်နဲ့ချီတဲ့ Anzac (သြစတြေးလျ၊ နယူးဇီလန် တပ်ဖွဲ့ဝင်တွေ) ဝင်ရောက်ခဲ့တဲ့ အထိမ်းအမှတ်အဖြစ် သတ်မှတ်ထားတာ ဖြစ်ပါတယ်။

ကံခေခဲ့တဲ့ စစ်ကြောင်းမှာ ကျဆုံးခဲ့တဲ့ နှစ်နိုင်ငံက စစ်သည်တွေကို သတိရတဲ့ နှစ်ပတ်လည်အနေနဲ့ Anzac နေ့ဟာလည်း အရေးပါတဲ့နေ့ ဖြစ်လာပါတယ်။

ဂျပန်တွေ ကျူးကျော်သိမ်းပိုက်စဉ် ၁၉၄၀ ဝန်းကျင်မှာ တည်ဆောက်ခဲ့တဲ့ ထိုင်း-မြန်မာ သေမင်းတမန် ရထားလမ်းဟာလည်း Anzac နေ့နဲ့ ဆပ်စပ်နေပါတယ်။

ထိုင်း-မြန်မာ သေမင်းတမန် ရထားလမ်း ဖောက်လုပ်ရာမှာ စစ်သုံ့ပန်းအဖြစ် အဖမ်းခံထားရတဲ့ သြစတြေးလျ စစ်သား ၂ ထောင့် ၈ ရာလောက် သေဆုံးခဲ့ရပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)