မုဒိမ်းမှုကို ပထမဆုံးအကြိမ် အမေရိကန် သေဒဏ်ချမှတ်

0
314

အမေရိကန်နိုင်ငံ၊ အာကင်ဆောပြည်နယ်မှာ အမြင့်ဆုံးတရားရုံးက တရားခံတွေရဲ့အယူခံကို ပယ်ချခဲ့ပြီးနောက်မှာ အကျဉ်းသား နှစ်ဦးကို ယနေ့ သေဒဏ်ပေးလိုက်ပါတယ်။ အဆိုပါသေဒဏ်ကျင့်သုံးမှုဟာ ၁၇ နှစ်အတွင်း ပထမဆုံးအကြိမ် ကျင့်သုံးမှုဖြစ်ခဲ့ပါတယ်။

ဂျက်ဂျုံနဲ့ မာစဲလ်ဝီလျံ တို့နှစ်ဦးကို ၁၉၉၀ ပြည့်နှစ်က မုဒိန်းကျင့်လူသတ်မှုနဲ့ သေဒဏ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ ဧပြီလနှောင်းပိုင်းမှာ သေဒဏ်အတွက် အသုံးပြုတဲ့ ဆေးရည်ရဲ့သက်တမ်းကုန်ဆုံးတော့မှာဖြစ်လို့ အာကင်ဆောအာဏာပိုင်တွေက ၁၁ ရက်အတွင်း သေဒဏ်ကျအကျဉ်းသား ၈ ဦးကို စီရင်ဖို့ စီစဉ်ထားပါတယ်။

လာမယ့် ကြာသပတေးနေ့မှာတော့ လက်ဒဲလ်လီဆိုတဲ့ အကျဉ်းသားကို သေဒဏ်ချမှတ်မှာဖြစ်ပါတယ်။ ယနေ့သေဒဏ်ကျခံရတဲ့ ဂျက်ဂျုံရဲ့ရှေ့နေက အဆိုပါရာဇ၀တ်ကောင် လက်ဒဲလ်လီဟာ သေဒဏ်ပေးရာမှာ အသုံးပြုတဲ့ မီဒါဇိုလမ်ဆေးကို ယဉ်ပါးနေဖွယ် ရှိလို့ စီရင်ရာမှာ မချိမဆံ့ ဝေဒနာခံစားရဖွယ် ရှိနေကြောင်း ပြောဆိုခဲ့ပါတယ်။

ရာဇ၀တ်ကောင်ဝီလျံရဲ့ ရှေ့နေကတော့ သူ့ရဲ့အမှုသည်ဟာ ကိုယ်အလေးချိန် ပေါင် ၄၀၀ ရှိသူဖြစ်လို့ သေဆေးထိုးဖို့ သွေးပြန် ကြောကို မနည်းရှာဖွေရဖွယ် ရှိကြောင်း ပြောဆိုခဲ့ပါတယ်။

ဂျက်ဂျုံဟာ ၁၉၉၆ ခုနှစ်မှာ မေရီဖိလစ်ကို မုဒိန်းကျင့်ပြီး လည်ပင်းညှစ်သတ်ဖြတ်ခဲ့သူဖြစ်ပြီး မေရီရဲ့အသက် ၁၁ နှစ်အရွယ် သမီးကိုလည်း သတ်ဖြတ်ဖို့ ကြိုးစားခဲ့ပါသေးတယ်။

ဒါ့အပြင် ဖလော်ရီဒါ ပြည်နယ်မှာလည်း သူဟာ မုဒိန်းကျင့်လူသတ်မှုတွေ ကျုးလွန်ခဲ့သူဖြစ်ပါတယ်။ ၀ီလျံကတော့ ၁၉၉၇ ခုနှစ်မှာ စတာစီအီရစ်ခ်ဆင် ဆိုသူအမျိုးသမီးကို ပြန်ပေးဆွဲ၊ မုဒိန်းကျင့်ပြီး သတ်ဖြတ်ခဲ့သူပါ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)