စစ်ပွဲကြီးတစ်ပွဲဖြစ်အောင် မီးမွှေးပေးနေတယ်လို့ ကန်ကို မြောက်ကိုရီးယားပြော

0
284

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရက်ဇ် တေလာဆန် (Rex Tillerson) ဥက္ကဋ္ဌအဖြစ် ဦးဆောင်ပြီး လာမယ့် ဧပြီလ ၂၈ ရက်နေ့မှာ မြောက်ကိုရီးယားအရေး ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဆွေးနွေးမယ့်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညာလိုက်တဲ့အပေါ် မြောက်ကိုရီးယား  နိုင်ငံခြားရေးဝန်ကြီးဌာက ပြစ်တင်ရှုတ်ချလိုက်ပါတယ်။

မနက်ဖြန် ဧပြီလ ၂၆ ရက်နေ့မှာလည်း မြောက်ကိုရီးယားအရေးနဲ့ ပတ်သက်ပြီး ရက်ဇ် တေလာဆန်၊ ကာကွယ်ရေးဝန်ကြီး ဂျင်မ် မက်တစ်နဲ့ အမျိုးသားထောက်လှမ်းရေး ညွှန်ကြားရေးမှူး ဒန်းကုတ်စ်၊ ပူးတွဲစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဂျိုးဆက်ဒန်းဖို့်ဒ် တို့ လွှတ်တော်ရှေ့မှောက်မှာ ထူးထူးခြားခြား ကြားနာကြမှာ ဖြစ်ပါတယ်။

အမေရိကန်အစိုးရဦးဆောင်တဲ့ လုံခြုံရေး ကောင်စီ အစည်းအဝေးနဲ့ ဖိအားပေးလုပ်ဆောင်မှုတွေဟာ ကိုရီးယား ကျွန်းဆွယ်အတွင်း စစ်ပွဲကြီး တစ်ပွဲဖြစ်ပွား သွားစေအောင် မီးမွှေးနေတာနဲ့ တူနေတယ်လို့  မြောက်ကိုရီးယား နိုင်ငံခြားရေး  ၀န်ကြီးက ပြောကြောင်း မြောက်ကိုရီးယားအစိုးရပိုင် ရုပ်သံ KRT က ထုတ်လွှင့်သွားပါတယ်။။

မနေ့ကတုန်းက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က  မြောက်ကိုရီးယားရဲ့ တစ်ကမ္ဘာလုံးဆိုင်ရာ ခြိမ်းခြောက်မှုအတွက် နောက်ဆုံးနည်းလမ်းက ကုလသမဂ္ဂရဲ့ မြောက်ကိုရီးယား အပေါ် ပြင်းပြင်းထန်ထန် အရေးယူပိတ်ဆို့မှု ပြုလုပ်ဖို့ပဲ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)