ဖိလစ်ပိုင်မယ်ရဲ့ ဖခင် မူးယစ်ဆေးဝါးမှု စွပ်စွဲခံရလို့ ကိုယ့်ကိုယ်ကိုယ် သတ်သေ

0
291

ဖိလစ်ပိုင် အလှမယ်ရဲ့ ဖခင်ဟာ မူးယစ်ဆေးဝါးမှုနဲ့ ဆက်စပ်တယ်ဆိုပြီး ဖမ်းဆီးခံထားရစဉ် ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတာကြောင့် သမ္မတ ဒူတာတေးရဲ့ မူးယစ်ဆေးဝါး နှိမ်နင်းရေးတိုက်ပွဲရဲ့ နောက်ထပ် သားကောင်တစ်ဦး ဖြစ်သွားပါတယ်။

၂၀၁၅ ခုနှစ် ဖိလစ်ပိုင် အလှမယ် ဟီလာရီ ပရန်ဂါအိုရဲ့ ဖခင် မစ္စတာ အဒ်မန်ဒို ပရန်ဂါအို (၄၆ နှစ်) ဟာ ရဲစခန်းမှာ ဖမ်းဆီးခံထားရတယ်စဉ် ရဲဆီက သေနတ်ကို လုယူပြီး ကိုယ့်ကိုယ်ကိုယ် ပစ်သတ်လိုက်တာ ဖြစ်ပါတယ်။

ရုပ်သံတင်ဆက်သူလည်း ဖြစ်တဲ့ အလှမယ် ဟီလာရီကတော့ သူ့နှလုံးကို ဘာနဲ့မှ ကုစားလို့ ရတော့မှာ မဟုတ်ပါဘူးလို့ ဖေ့စ်ဘုတ်မှာ ရေးသားခဲ့ပါတယ်။

၂၀၁၆ မှာ စခဲ့တဲ့ သမ္မတ ဒူတာတေးရဲ့ မူးယစ်ဆေးဝါး နှိမ်နင်းရေးတိုက်ပွဲကြောင့် သေဆုံးသူ ၈ ထောင်ကျော် ရှိသွားပြီ ဖြစ်ပါတယ်။

သမ္မတ ဒူတာတေးနဲ့ အစိုးရ တာဝန်ရှိသူတွေရဲ့ ဥပဒေကို ကျော်လွန်တဲ့ လုပ်ရပ်တွေကြောင့် နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့မှာရှိတဲ့ နိုင်ငံတကာ ခုံရုံးမှာ လူသားထုအပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုနဲ့ တိုင်ကြားဖို့ ဖိလစ်ပိုင်ရှေ့နေတချို့ကလည်း ပြင်ဆင်နေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)