အာကာသထဲ အချိန်အကြာဆုံး နေထိုင်ခဲ့သူ အမျိုးသမီးကို သမ္မတထရန့် ချီးကျုး

0
253

အမေရိကန် အမျိုးသမီးအာကသ သူရဲကောင်း ပတ်ဂီဝှစ်တန်ဟာ အာကာသအတွင်း အချိန်အကြာဆုံး နေထိုင်နိုင်ခဲတဲ့ အမေရိကန် နိုင်ငံရဲ့စံချိန်ကို ချိုးနိုင်ခဲ့ပြီး သမ္မတထရန့်က ချီးကျုးစကားပြောဆိုရာမှာ မားဂြိုလ်သွားရောက်ဖို့ ခရီးစဉ်အကြောင်း ထည့်သွင်း ဆွေးနွေးသွားခဲ့ပါတယ်။

နိုင်ငံတကာ အာကသစခန်းရဲ့ ညွှန်ကြားရေးမှူး အမျိုးသမီးဖြစ်တဲ့ ပတ်ဂီဟာ အမေရိကန်နိုင်ငံရဲ့အမြင့်ဆုံးစံချိန်အဖြစ် ၅၃၄ ရက်၊ နှစ်နာရီနဲ့ ၄၈ မိနစ်ကြာ နေထိုင်ခဲ့တာဖြစ်ပါတယ်။

အာကာသယာဉ်မှူး ပတ်ကီ ကို အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရန့် နဲ့ သမီး အိုင်ဗန်ကာထရန့် တို့က မနေ့က နိုင်ငံတကာ အာကသစခန်းကို တိုက်ရိုက် ဗွီဒီယို ဖုန်းခေါ်ပြီး ချီးကျူးစကား ပြောပါတယ်။

အသက် ၅၇ နှစ်အရွယ် အာကာသယာဉ်မှူး ပတ်ဂီဟာ အတွေ့အကြုံ အရင့်ကျက်ဆုံး အမေရိကန် အာကာသယာဉ်မှူးတစ်ဦး ဖြစ်ပြီး လာမယ့် စက်တင်ဘာလကျရင် ကမ္ဘာ့ မြေပြင်ကို ပြန်လည်ဆင်းသက်လာမှာပါ။

အဲဒီအချိန်ကျရင်တော့ သူဟာ အာကာသထဲမှာ ရက်ပေါင်း ၆၆၆ ရက် နေထိုင်ဖူးသူ ဖြစ်ပါလိမ့်မယ်။ ဒီလို စံချိန်ချိုးခွင့်ရတာဟာ သူ့အတွက် ကြီးကြီးမားမား ဂုဏ်ယူစရာကြီးတစ်ခု ဖြစ်ပါတယ်လို့ အာကသယာဉ်မှူးပတ်ဂီက သမ္မတထရန့်ကို ပြောပါတယ်။

ကမ္ဘာ့စံချိန်ကိုတော့ ရုရှားအာကာသ သူရဲကောင်း ဂျန်နာဒီပါဒဲလ်ကာက ၈၇၉ ရက်နဲ့ အမြင့်ဆုံးစံချိန်တင်ထားပါတယ်။ ဒေါက်တာ ပတ်ဂီကတော့ အာကာသစခန်းကို နှစ်ကြိမ်တိုင်ကြီးကြပ်ခွင့်ရတဲ့ ပထမဆုံးအမျိုးသမီးဖြစ်သလို နာဆာရဲ့အာကာသအဖွဲ့ကို ဦးဆောင်ခွင့်ရတဲ့ တစ်ဦးတည်းသော အမျိုးသမီးလည်းဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)