ချီလီနိုင်ငံ ကမ်းရိုးတန်းမှာ ပြင်းအား ၆.၉ ငလျင် လှုပ်

0
267

ချီလီနိုင်ငံ ကမ်းရိုးတန်းမှာ ပြင်းအား ၆.၉ ရစ်ချက်တာ စကေးရှိတဲ့ အင်အားပြင်း ငလျင် မနေ့က ဧပြီ ၂၄ မှာ လှုပ်ခတ်သွားခဲ့ပါတယ်။

ဗယ်လ်ပါရာရီဆိုမြို့ကနေ ၃၅ မိုင်အကွာမှာ ဗဟိုပြု လှုပ်ခတ်ခဲ့တာ ဖြစ်ပြီး ပစိဖိတ်ကမ်းခြေ တလျှောက်နဲ့ မြို့တော် စန်တီယာဂိုကို အဖျားခတ်သွားခဲ့တယ်လို့ အမေရိကန် ဘူမိဗေဒဌာနက ထုတ်ပြန်ကြေညာခဲ့ပါတယ်။

လူတချို့ကို ရွှေ့ပြောင်းကယ်ဆယ်ပေးထားခဲ့ရပြီး ဖုန်းလိုင်းတွေလည်း ပြတ်တောက်ခဲ့ပါတယ်။ ကမ်းရိုးတန်းဒေသ တစ်လျှောက်ကိုတော့ ငလျင်နောက်ဆက်တွဲ ဆူနာမီ သတိပေးချက်တွေကို  ချီလီ အာဏာပိုင်တွေက ထုတ်ပြန်သတိ ပေးထားပါတယ်။

ချီလီနိုင်ငံအတွင်းမှာ ၂၀၁၀ ပြည့်နှစ်က ပြင်းထန်းတဲ့ ငလျင်ဒဏ် ခံစားခဲ့ရပေမဲ့ အခုငလျင်ဒဏ်ကြောင့် ထိခိုက်သေဆုံးသူတော့ မရှိခဲ့ပါဘူး။

 

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)