အမျိုးသားတပ်ဦးပါတီရဲ့ ခေါင်းဆောင် အဖြစ်ကနေ မာရီလေပန် ယာယီရပ်နား

0
276

ပြင်သစ်ရွေးကောက်ပွဲ ဒုတိယအကျော့အတွက် အပြိုင်အဆိုင်မဲဆွယ်နေကြချိန်မှာ အမျိုးသားရေးဝါဒီသမ္မတလောင်း မာရီလေပန် က သူမရဲ့ ပါတီအမျိုးသားတပ်ဦး ခေါင်းဆောင်အဖြစ်ကနေ ယာယီရပ်နားလိုက်ကြောင်း ပြောဆိုလိုက်ပါတယ်။

ဒုတိယအကျော့ ရွေးကောက်ပွဲကို လာမယ့် မေလ ၇ ရက်နေ့မှာ ကျင်းပမှာဖြစ်ပြီး ပြိုင်ဘက်သမ္မတလောင်း အီမန်နျူရယ်မာရွန်နဲ့ မေရီလေပန်တို့ အကြိတ်အနယ် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ မစ္စလေပန်က သူ့အနေနဲ့ ပါတီဗဟိုပြုစဉ်းစားမှုထက် ပိုပြီးလုပ်ဆောင်ဖို့ လိုအပ်နေတာကြောင့် အခုလို ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

စစ်တမ်းတွေအရတော့ မစ္စတာမာရွန်က အသာရရှိနေတာကို တွေ့ရှိရပါတယ်။ ဒါပေမဲ့မစ္စလေပန်က “ ကျွန်မတို့ အနိုင်ရနိုင်ပါတယ်၊ ကျွန်မတို့ နိုင်မှာပါ” လို့ ပြောဆိုခဲ့ပါတယ်။ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမှုတွေက အကြိတ်အနယ်ဖြစ်နေတာကို တွေ့ရပါတယ်။ နိုင်ငံစည်းလုံးမှုအတွက် မာရွန်ကို ရွေးချယ်ဖို့ကြဖို့ ပြင်သစ်သမ္မတကိုယ်တိုင်က တိုက်တွန်းနေချိန်မှာ မာရီလေပန် ကတော့ သူသာလျှင် ပြင်သစ်နိုင်ငံအတွက် ခိုင်မာတဲ့မူဝါဒတွေ ချမှတ်နိုင်မှာဖြစ်တယ်လို့ ပြောနေပါတယ်။

ဧပြီလ ၂၃ ရက်နေ့က ပြင်သစ်မှာ ကျင်းပခဲ့တဲ့ ပထမအကျော့ရွေးကောက်ပွဲမှာ ဘယ်သမ္မတလောင်းမှ အပြတ်အသတ် အနိုင်မရခဲ့တဲ့အတွက် မဲ ၂၄% ရခဲ့တဲ့ အီမန်နျူရယ်မာရွန် နဲ့ ၂၁% ကျော် ရခဲ့တဲ့ မာရီလေပန် တို့ ဒုတိယအကျော့ ရွေးကောက် ပွဲဝင်ကြရတာပါ။

လူမှုရေးဆိုင်ရာ မူဝါဒတွေမှာ လက်ဝဲဖက်ယိမ်းတဲ့ အလယ်အလတ်ဝါဒီ မာရွန်ကိုမဲပေးကြဖို့အတွက် ပြင်သစ် သမ္မတ ဖရန်ဆွာဟော်လန်ဒီ အပါအဝင် အဓိကနိုင်ငံရေးသမားတွေက တိုက်တွန်းနေကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)