ဗြိတိန်ကလာတဲ့ လေကြောင်းလိုင်းတွေမှာ ခရီးသည်နဲ့အတူ လက်ပ်တော့ပ် သယ်ဆောင်ခွင့် ပိတ်ဖို့ အမေရိကန် စဉ်းစားနေ

0
239

ဗြိတိန်ကနေ အမေရိကန်ကို ပြေးဆွဲတဲ့ လေကြောင်းပျံသန်းမှု ခရီးစဉ်တွေမှာ ခရီးသည်တွေနဲ့အတူ လက်ပ်တော့ပ် ကွန်ပျူတာ တပါတည်း သယ်ဆောင်ခွင့်ကို ပိတ်ပင်ပို့ ဒေါ်နယ်ထရမ့် အစိုးရက စဉ်းစားနေပြီ ဖြစ်ပါတယ်။

အရှေ့အလယ်ပိုင်း နိုင်ငံတွေကို ပိတ်ပင်တုန်းကနဲ့ အလားတူ ပုံစံမျိုး ဖြစ်ပါတယ်။ မတ်လမှာ အရှေ့အလယ်ပိုင်း နိုင်ငံတွေရဲ့ လေဆိပ် ၁၀ ခုကနေ မိုဘိုင်းဖုန်းထက် ကြီးမားတဲ့ လက်ပ်တော့ပ် အပါအဝင် တခြား အီလက်ထရွန်းနစ် ပစ္စည်းတွေ ခရီးသည်နဲ့အတူ သယ်ဆောင်ခွင့် ပိတ်ပင်ပြီး ဖြစ်ပါတယ်။

အီဂျစ်၊ ဂျော်ဒန်၊ ကူဝိတ်၊ မော်ရိုကို၊ ကာတာ၊ တူရကီ၊ ဆော်ဒီ အာရေဗျ နဲ့ အာရပ်စော်ဘွားများနိုင်ငံ လေဆိပ်တွေက လာတဲ့ ခရီးသည်တွေဟာ အီလက်ထရွန်းနစ် ပစ္စည်းတွေကို ကိုယ်နဲ့ တပါတည်း ယူခွင့်မရှိဘဲ ခရီးဆောင် လက်ဂေ့ဂ်ျနဲ့သာ သယ်ခွင့်ရှိတာ ဖြစ်ပါတယ်။

ဗြိတိန်ကနေတဆင့် အမေရိကန်ကို လာရောက်မယ့် ဥရောပ ခရီးသွားတွေဟာလည်း အဲဒီပိတ်ပင်မှု အတည်ဖြစ်သွားရင် သူတို့အပေါ် သက်ရောက်မှု ရှိမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)