အသက် ၁၀၁ နှစ် အိန္ဒိယအဖွား ကမ္ဘာ့မာစတာဂိမ်းစ် မီတာ ၁၀၀ ရွှေတံဆိပ် ရရှိ

0
305

အသက် ၁၀၁ နှစ်ရှိပြီဖြစ်တဲ့ အိန္ဒိယပြေးခုန်ပစ် အားကစားမယ်အဖွား မန်ကာရ်ဟာ ကမ္ဘာ့မာစတာ ဂိမ်းပြိုင်ပွဲရဲ့မီတာ ၁၀၀ တာတို အပြေးပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့ပါတယ်။ သူမဟာ အောင်ပွဲခံချိန်မှာ အနည်းငယ် ကခုန်ခဲ့ပါသေးတယ်။

မစ္စကာရ်ဟာ ပြိုင်ပွဲကို ၁ မိနစ် ၁၄ စက္ကန့်စံချိန်နဲ့ ပန်းဝင်ခဲ့တာဖြစ်ပါတယ်။ သူမရဲ့အသက်အရွယ်တန်းမှာ ပြိုင်ပွဲဝင်ကလည်း မန်ကာရ်တစ်ဦးတည်းပဲ ရှိပါတယ်။

ပြိုင်ပွဲကို လာရောက်အားပေးကြသူတွေအတွက် မန်ကာရ်ဟာ အင်မတန်မှ အံ့အားသင့်ဖွယ် ကောင်းတဲ့ စံချိန်ကို တင်ပြခဲ့တာလည်း ဖြစ်ပါတယ်။

အဘွားမန်ကာရ်ဟာ ၂၀၀၉ ခုနှစ်က ကမ္ဘာ့ချန်ပီယံ အူစိန်ဘော့ရဲ့မီတာ ၁၀၀ စံချိန်နဲ့နှိုင်းယှဉ် ရင် ၆၄.၄၂စက္ကန့်ပဲနောက်ကျပြီး တစ်မိနစ် ၁၄ စက္ကန့်နဲ့ ပန်းဝင်ခဲ့တာဖြစ်ပါတယ်။

အသက် ၉၃ နှစ်အရွယ်ရောက်မှာ သားဖြစ်သူ ဂူဒက်နဲ့အတူ မန်ကာရ်ရဲ့ ပြေးခုန်ပစ် အားကစားသမားဘ၀ စတင်ခဲ့တာ ဖြစ်ပါတယ်။ တကယ်တော့ မန်ကာရ်ဟာ ရာပြည့် အားကစားသမား အများအပြားထဲက တစ်ဦးပဲရှိပါသေးတယ်။

ဂျပန်အဘိုး မီယာဇာကီ ၁၀၆ နှစ်ဟာ အူစိန်ဘော့ထက် ၂၉.၈၃ စက္ကန့်ပဲနောက်ကျပြီး မီတာ ၁၀၀ကို ပန်းဝင်နိုင်ခဲ့ပါတယ်။ အခုလို အပြေးမပြိုင်ခင်မှာ အဖွားမန်ကာရ်ကို လိုအပ်တဲ့ ဆေးစစ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)