တင်းမာမှုတွေ မြင့်တက်လာချိန် တောင်ကိုရီးယားကို အမေရိကန် ရေငုပ်သင်္ဘော ရောက်ရှိ

0
270

မြောက်ကိုရီးယားနိုင်ငံက ဒုံးကျည်နဲ့ နျူကလီးယား စမ်းသပ်ချက်တွေ ထပ်မံပြုလုပ်မယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေ ရှိနေချိန်မှာ အမေရိကန် ရေငုပ်သင်္ဘောတစ်စင်း တောင်ကိုရီးယားကို ရောက်ရှိလာပါတယ်။

ယခင်စေလွှတ်ထားတဲ့ စစ်သင်္ဘောတွေကို ဒုံးကျည်တပ်ဆင်ထားပြီး ယူအက်စ်အက်စ်မီချီဂန်လို့ အမည်ပေးထားတဲ့ အမေရိကန် ရေငုပ်သင်္ဘောက လာရောက် ပူးပေါင်းမှာဖြစ်ပါတယ်။ ယနေ့မှာ မြောက်ကိုရီးယားဟာ စစ်တပ်ထူထောင်မှု ၈၅ နှစ်ပြည့်အခမ်းအနားကို ကျင်းပနေပါတယ်။

အရင်ကလည်း အဆိုပါအခမ်းအနားမျိုးမှာ မြောက်ကိုရီးယားက ဒုံးကျည်ပစ်လွှတ် စမ်းသပ်လေ့ရှိခဲ့ပါတယ်။

မကြာသေးခင်က ရက်သတ္တပတ်တွေအတွင်းမှာ အမေရိကန်နဲ့ မြောက်ကိုရီးယားတို့ဟာ အပြန်အလှန် စကားစစ်ထိုးပွဲ ဖြစ်နေခဲ့ပြီး ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုတွေ ပြင်းထန်လာနေပါတယ်။

အဲဒီလိုတင်းမာမှုတွေ ပြင်းထန်နေချိန်မှာ ပုံမှန်မဟုတ်တဲ့ ဖြစ်စဉ်ကတော့ အမေရိကန် ဆီနိတ်တစ်ခုလုံးကို မြောက်ကိုရီးယားအရေး ဆွေးနွေးဖို့ အိမ်ဖြူတော်က ဒီကနေ့ ညွှန်ကြားလိုက်တဲ့အချက်ပဲဖြစ်ပါတယ်။

ယူအက်စ်အက်စ်မီချီဂန် ရေငုပ်သင်္ဘောဟာ နျူကလီးယားစွမ်းအင်သုံးဖြစ်ပြီး တိုမာဟော့ဒုံးကျည် ၁၅၄ စင်း သယ်ဆောင်ထားတဲ့ စစ်သင်္ဘောပဲဖြစ်ပါတယ်။

အဆိုပါရေငုပ်သင်္ဘောဟာ အမေရိကန်က စစ်အင်အားပြဖြန့်ကျက်ထားတဲ့ ကဲလ်ဗားရှင်းစစ်သင်္ဘော အုပ်စုကို သွားရောက်ပူးပေါင်းမှာ ဖြစ်ကြောင်းလည်း သိရှိရပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)