လေယာဉ်တင် စစ်သင်္ဘောပေါ်က အမေရိကန် စစ်သား သုံးဦးမှာ ကိုရိုနာဗိုင်းရပ်စ် တွေ့

0
187
devices -->

အမေရိကန် လေယာဉ်တင် စစ်သင်္ဘော USS သီအိုဒို ရုစဗဲ့လ် ပေါ်က ရေတပ်ဖွဲ့ဝင် သုံးဦးဆီမှာ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှု တွေ့ရှိရတယ်လို့ ရေတပ် တာဝန်ရှိသူက ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

အဲဒီ လေယာဉ်တင် စစ်သင်္ဘောဟာ ဖိလစ်ပိုင် ပင်လယ်ပြင်မှာ ရှိနေပြီး သင်္ဘောပေါ်မှာ ရေတပ်ဖွဲ့ဝင် ထောင်ချီ တင်ဆောင်ထားပါတယ်။ တာဝန်ချထားတဲ့ ရေတပ်သင်္ဘောပေါ်မှာ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှု တွေ့ရှိရတာ ဒီသုံးဦးဟာ ပထမဆုံး ဖြစ်တယ်လို့ ယာယီ ရေတပ် ဝန်ကြီး သောမတ်စ် မိုဒလီက သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

လက်ရှိမှာ ရေတပ်ဖွဲ့ဝင် သုံးဦးကို သီးခြားခွဲထား စောင့်ကြည့်ထားပြီး သင်္ဘောပေါ်ကနေ လေယာဉ်နဲ့ သယ်ထုတ်သွားပြီ ဖြစ်ပါတယ်။ USS သီအိုဒို ရုစဗဲ့လ်ဟာ သင်္ဘောဟာ ဒီလအစောပိုင်းမှာ ဗီယက်နမ်နိုင်ငံကို ရောက်ရှိခဲ့ပါသေးတယ်။

>>>>>>>>>>>>>>>>>>>>>>>>>>>>