လာအိုနိုင်ငံမှာလည်း COVID-19 ရောဂါ ကူးစက်သူ နှစ်ဦး တွေ့ရှိ

0
186
devices -->

လာအိုနိုင်ငံမှာလည်း COVID-19 ရောဂါ ကူးစက်သူ နှစ်ဦး တွေ့ရှိကြောင်း မတ်လ ၂၄ ရက်နေ့က သတင်း ထုတ်ပြန်လိုက်တဲ့အတွက် အရှေ့တောင်အာရှရှိ မြန်မာအပါအဝင် နိုင်ငံအားလုံးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက် ဖြစ်ပွားနေပြီ ဖြစ်ပါတယ်။

မတ်လ ၉ ရက်နေ့မှာ ထိုင်းနိုင်ငံကနေ ပြန်လာတဲ့ အမျိုးသား တစ်ဦးကို သီးသန့်ခွဲထားပြီး စောင့်ကြည့်စဉ် မတ်လ ၂၄ ရက်နေ့ ဓာတ်ခွဲ စစ်ဆေးမှုအရ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း တွေ့ရှိရတာလို့ လာအို ကျန်းမာရေး ဝန်ကြီးဌာနက ပြောပါတယ်။

နောက်တစ်ဦးကတော့ လာအို နိုင်ငံခြား ကုန်သွယ်ရေး ဝန်ကြီးဌာနမှာ အလုပ်လုပ်နေတဲ့ အမျိုးသမီး ဝန်ထမ်းတစ်ဦး ဖြစ်ပြီး ဆွီဒင်နိုင်ငံကနေ မတ်လ ၁၅ ရက်နေ့က ပြန်လာသူ ဖြစ်ပါတယ်။

>>>>>>>>>>>>>>>>>>>