ဝါရှင်တန်မှာ အမျိုးသမီးငယ်တွေ ပျောက်ဆုံးမှု မြင့်မားလွန်းနေ

0
339

အမေရိကန်နိုင်ငံ၊ ၀ါရှင်တန်ဒီစီ မက်ထရိုရဲဌာနရဲ့တွစ်တာအကောင့်ကနေဖော်ပြချက်အရ ကလေးငယ်အများအပြား ပျောက်ဆုံးနေပါတယ်။ ဒါပေမဲ့ တကယ်ပဲ ဒီစီမှာ အဲဒီလောက်နူန်းနဲ့ အမျိုးသမီးငယ်အများအပြား အမှန်တကယ်ပျောက်ဆုံးနေပါသလား။

လူပျောက်ဆုံးမှုတချို့ကို မက်ထရိုရဲဌာန(MPD)က လူမှုကွန်ယက်မှာရှယ်လေ့ရှိခဲ့ပါတယ်။ ဒါပေမဲ့အခုနှစ်အစောပိုင်းမှာ ရဲတပ်ဖွဲ့အကြီးအကဲအသစ်က အရေးကြီးတဲ့အမှု တိုင်းမှာ တွစ်တာကိုအသုံးပြုဖို့ဆုံးဖြတ်ခဲ့ပါတယ်။

အဲဒီချိန်ကစပြီး ကလေးငယ်အများစုဖြစ်သလို အမျိုးသမီးငယ်လေးတွေလည်းဖြစ်တဲ့လူပေါင်း၂၀၀နီးပါး ပျောက်ဆုံးနေကြောင်း လစဉ်လတိုင်း မှာ လူမှုကွန်ယက်ပေါ် ပို့စ်တွေတက်လာခဲ့ပါတယ်။

လူအများစုက လူပျောက်ဆုံးမှုတွစ်တာပို့စ်တွေကိုပဲ တွေ့ခဲ့ကြပြီး တစ်ဦးတစ်ယောက်က ပြန်တွေ့ကြောင်းတင်တဲ့ပို့စ်တွေကိုတော့ မမြင်ကြ တာပါလို့ မစ္စတာဂျတ်ဇ်က ဆိုပါတယ်။

အကျိုးဆက်အနေနဲ့ ဒီစီမှာ အမျိုးသမီးငယ်တွေ ပျောက်ဆုံးတဲ့နူန်းက မြင့်မားလွန်းနေတယ်လို့ မြင်စရာဖြစ်လာခဲ့ပါတယ်။ ဘယ်သူကမှ ဂရုစိုက်ပြီး မဖြေရှင်းဘူးဆိုတဲ့သဘောမျိုးလည်းဖြစ်လာခဲ့ပါတယ်။ မကြာသေးခင်ကလည်းအခုရက်သတ္တပတ်အတွင်းမှာ အမျိုးသမီးငယ် ၁၄ဦး ပျောက်ဆုံးတယ်ဆိုတဲ့သတင်းမှားတွေ လူမှုကွန်ယက်မှာ ပျံ့နှံ့ခဲ့ပါသေးတယ်။

အဲဒီသတင်းကြောင့် ဒီစီမြို့တော်ကောင်စီအဖွဲ့ဝင် ထရေယွန်ဝှိုက်က ဦးဆောင်ပြီး မြို့တော်ခန်းမမှာ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က အစည်းအဝေးလုပ်ခဲ့ ပါတယ်။ တကယ်တမ်းမှာတော့ အဆိုပါသတင်းမှားယွင်းခဲ့ပြီး ပျောက်ဆုံးတဲ့သူအရေအတွက်က ဖြည်းဖြည်းချင်းကျဆင်းလာနေပါတယ်။ ၂၀၁၆ခုနှစ်မှာ ပျဉ်းပျ ၂၀၀ဦးပျောက်ဆုံးရာကနေ ၂၀၁၇ခုနှစ်မှာ ၁၉၀ဦး ဖြစ်လာခဲ့ပါတယ်။

ဒါ့အပြင် ဖြစ်စဉ်အများစုဟာ တစ်ရက်၊နှစ်ရက်အတွင်းမှာ ပြန်လည်တွေ့ရှိခဲ့ပြီး အမှုပြန်ပိတ်ရတာများပါတယ်။

ဝါရှင်တန်ဒီစီမြို့တော်ဝန်မှုရီရယ်ဘိုးဆာက ကလေးငယ်တွေပျောက်ဆုံးမှုကို ရှာဖွေဖို့အတွက် ရဲအရာရှိတွေအရေအတွက်နဲ့ ငွေကြေးပိုမိုသုံးစွဲ သွားမှာဖြစ်တဲ့အပြင် ကာယကံရှင်မိသားစုတွေနဲ့ ပျောက်ဆုံးတဲ့ကလေးငယ်တွေကိုလည်း ပြန်တွေ့တဲ့အခါမှာ လိုအပ်တဲ့အကူ အညီ တွေပေးသွားမှာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)