ဆေးဝါးတိုးမြှင့်ကူညီထောက်ပံ့ဖို့ ကုလသမဂ္ဂကို ဗင်နီဇွဲလားတောင်းဆို

0
323

တိုင်းပြည်ရဲ့ဆေးဝါးလိုအပ်ချက်အတွက် တိုးမြှင့်ထောက်ပံ့ကူညီဖို့ ကုလသမဂ္ဂကို ဗင်နီဇွဲလားသမ္မတနီကိုးလပ်စ်မာဒူရိုက အကူအညီတောင်း ခံလိုက်ပါတယ်။

ဗင်နီဇွဲလားနိုင်ငံမှာ ဆေးဝါးလိုအပ်ချက်ပုံမှန်အနေအထားပြန်ဖြစ်သွားအောင် ဆောင်ရွက်နိုင်စွမ်း ကုလသမဂ္ဂအဖွဲ့မှာ ကျွမ်း ကျင်ပြည်စုံမှုရှိပါကြောင်း မစ္စတာမာဒူရိုက ပြောကြားခဲ့ပါတယ်။

အမှန်တကယ်လိုအပ်ချက်ထက် ၅ရာခိုင်နူန်းလျော့နည်းနေကြောင်း ဗင်နီဇွဲလားဆေးဝါးအဖွဲ့ချုပ်က မကြာသေးခင်ကပြောကြားခဲ့ပါတယ်။ ရေနံဈေးကျဆင်းမှုနဲ့ သူ့ရဲ့အစိုးရအပေါ်စီးပွားရေးအရစစ်ပွဲဆင်နွှဲမှုကြောင့် အခုလိုပြဿနာဖြစ်ရကြောင်း သမ္မတမာဒူရိုက ပြစ်တင်လိုက်ပါ တယ်။

“ ကုလသမဂ္ဂအဖွဲ့ဆီကနေ ထောက်ပံ့ကူညီမှုပေးဖို့ ကျွန်တော်တောင်းဆိုခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ပြည်သူတွေကို ထိခိုက်စေတဲ့ လူမှုရေး ဆိုင်ရာထိခိုက်မှုနဲ့ စီးပွားရေးဆိုင်ရာအကျပ်အတည်းတွေကို ကူညီဖြေရှင်းပေးဖို့အကူအညီတောင်းခဲ့တာပါ” လို့ သမ္မတမာဒူရိုက သောကြာနေ့ က ရုပ်သံကနေတဆင့်ပြောဆိုခဲ့ပါတယ်။

တိုင်းပြည်ရဲ့စီးပွားရေးအခြေအနေတွေ ပိုပြီးဆိုးရွားလာတာဟာ မစ္စတာမာဒူရိုရဲ့လွဲမှားတဲ့စီမံခန့်ခွဲမှုကြောင့်ဖြစ်တယ်လို့ အတိုက်အခံတွေက ပြစ်တင်ဝေဖန်ခဲ့ပါတယ်။

အစားအစာတွေနဲ့ အခြားမရှိမဖြစ်ပစ္စည်းတွေ ပြတ်လပ်မှုကြောင့် နေ့စဉ်လိုအပ်တဲ့ အခြေခံစားကုန်တွေရရှိဖို့အတွက်ကိုပဲ ဗင်နီဇွဲလားပြည်သူ တွေဟာ တန်းစီဝယ်ယူနေရပါတယ်။ စက်ပစ္စည်းတွေလည်း ပြတ်လပ်မှုကြုံနေရပါတယ်။

ကမ္ဘာပေါ်မှာ အကြီးမားဆုံးရေနံသိုက်တွေရှိနေပေမယ့်လည်း ဗင်နီဇွဲလားနိုင်ငံရဲ့ပြင်ပအကူအညီလိုအပ်နေမှုက တိုင်းပြည်တွင်းမှာရှိတဲ့ဆိုးရွား တဲ့အခြေအနေတွေအတွက် အညွှန်းကိန်းသဖွယ်ဖြစ်နေရပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)